ရေဝက်ဝံလေး(Tardigrade)
Tardigrade (သို့) Water bear - ရေဝက်ဝံလို့ ဘာသာပြန်ဆိုကြတဲ့ ဒီအကောင်လေးတွေကတော့ အာကာသထဲမှာ အသက်ရှင်နိုင်ကြပါတယ်။ ၂၀၀၇ ခုနှစ်မှာ စမ်းသပ်ခဲ့ကြပြီး သူတို့က အာကာသထဲမှာ ရှင်သန်နိုင်တယ်လို့ သိရှိရတဲ့ ပထမဆုံး အကောင်လေးတွေလဲ ဖြစ်ပါတယ်။
Water bear လေးတွေက အာကာသထဲမှာပဲ မဟုတ်၊ ကမ္ဘာမြေပေါ်မှာလဲအောက်စီဂျင်မလိုအပ်ဘဲ၊ ရှင်သန်နိုင်တဲ့ Microscopic အကောင်လေးတွေပါ။ အပူဒဏ်၊ အအေးဒဏ်၊ ဓါတ်ရောင်ခြည်၊ စတဲ့ အခြေအနေ အမျိုးမျိုးကို ခံနိုင်ရည်ရှိပါတယ်။
ကမ္ဘာမြေပေါ်မှာတော့ Water bear လေးတွေက သမုဒ္ဒရာ၊ ရေအိုင်တွေ၊ ရေညှိ၊ ရေမှော်တွေမှာ ကျက်စားကြပါတယ်။ တော်တော်လောက်ကို ဆိုးရွားတဲ့ ပတ်ဝန်းကျင်ဒေသတွေမှာတောင် ရှင်သန်နိုင်ပါတယ်။