ယင်​ကောင်​လေးများ

အာကာသထဲကို ပထမဆုံးအ​နေနဲ့ ​ရောက်ရှိခဲ့တဲ့ အ​ကောင်​လေး​တွေ ဖြစ်ပါတယ်။ အ​မေရိကန် အာကာသသိပ္ပံပညာရှင်​တွေက ​ကောစမစ်​ရောင်ခြည်(Cosmic ray) ​တွေဟာ လူသား​တွေကို ထိခိုက်နိုင်မှု ရှိ၊ မရှိကို သိလိုတဲ့အတွက် လူသား​တွေနဲ့ မျိုးဗီဇတည်​ဆောက်ပုံချင်း ဆင်တူတဲ့ ယင်​ကောင်​လေး​တွေကို ၁၉၄၇ ခုနှစ်မှာ အာကာသထဲ လွှတ်ခဲ့တာပါ။

ကမ္ဘာ​မြေ​ပေါ်ကို ပြန်​ရောက်လာတဲ့အချိန် ယင်​ကောင်​လေး​တွေကို ထည့်ထားတဲ့ ပြွန်​ချောင်းဟာ အ​ကောင်းအတိုင်းရှိ​နေပြီး အထဲက ယင်​ကောင်​လေး​တွေမှာလဲ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။

ဒီအာကာသယင်​ကောင်​လေး​တွေ​ကြောင့် လူသား​တွေအ​ပေါ် ​ကောစမစ်​ရောင်ခြည်​တွေရဲ့ သက်​ရောက်မှုအနည်းအများကို တိုင်းဆနိုင်ခဲ့ပါတယ်။

image