မျောက်နှင့် လူဝံလေးများ
အဲလ်ဘတ်(Albert II) လို့ အမည်ပေးထားတဲ့ မျောက်လေးကတော့ အာကာသထဲ ပထမဆုံးအနေနဲ့ ရောက်ခဲ့တဲ့ နို့တိုက်သတ္တဝါ ဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ်မှာ အာကာသထဲ လွှတ်တင်ခဲ့ပြီး မြေပြင်အထက် ကီလိုမီတာ ၁၃၀ ကျော်ကျော်အထိ ရောက်ခဲ့ပါတယ်။ အဲလ်ဘတ်ဟာ ကမ္ဘာမြေဆီကို ပြန်လာတဲ့ လမ်းမှာ လေထီးအမှားအယွင်းရှိနေခဲ့တဲ့အတွက်ကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။
ပထမဆုံးလူသား အာကာသထဲကို ရောက်ခဲ့တဲ့ ၁၉၆၁ ခုနှစ်မှာပဲ ဟန်မ် - Ham လို့ အမည်ရတဲ့ ချန်ပန်ဇီလေးက အာကာသထဲကို အရင် ရောက်ခဲ့ပါတယ်။ Ham ဟာ ကမ္ဘာမြေပေါ်ကို ဘေးကင်းကင်းနဲ့ ပြန်လည်ရောက်ရှိခဲ့ပြီး ၁၉၈၃ ခုနှစ်အထိ နေထိုင်သွားခဲ့တယ်လို့ သိရပါတယ်။
ဝဲဘက် - အာကာသထဲ ပထမဆုံးရောက်ခဲ့တဲ့ နို့တိုက်သတ္တဝါ အာကာသမျောက်လေး အဲလ်ဘတ်
ယာဘက် - အာကာသချန်ပန်ဇီလေး Ham