16 ပတ် - ဘာသာပြန်ပါ။

​မျောက်​နှင့် ​လူဝံ​လေးများ

အဲလ်ဘတ်(Albert II) လို့ အမည်​​ပေးထားတဲ့ ​မျောက်​​လေးက​တော့ အာကာသထဲ ပထမဆုံးအ​နေနဲ့ ​ရောက်ခဲ့တဲ့ ​နို့တိုက်သတ္တဝါ ဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ်မှာ အာကာသထဲ လွှတ်တင်ခဲ့ပြီး ​မြေပြင်အထက် ကီလိုမီတာ ၁၃၀ ​ကျော်​ကျော်အထိ ​ရောက်ခဲ့ပါတယ်။ အဲလ်ဘတ်ဟာ ကမ္ဘာ​မြေဆီကို ပြန်လာတဲ့ လမ်းမှာ ​လေထီးအမှားအယွင်းရှိ​နေခဲ့တဲ့အတွက်​ကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။

ပထမဆုံးလူသား အာကာသထဲကို ​ရောက်ခဲ့တဲ့ ၁၉၆၁ ခုနှစ်မှာပဲ ဟန်မ် - Ham လို့ အမည်ရတဲ့ ချန်ပန်ဇီ​လေးက အာကာသထဲကို ​အရင် ရောက်ခဲ့ပါတယ်။ Ham ဟာ ကမ္ဘာ​မြေ​ပေါ်ကို ​ဘေးကင်းကင်းနဲ့ ပြန်လည်​ရောက်ရှိခဲ့ပြီး ၁၉၈၃ ခုနှစ်အထိ ​နေထိုင်သွားခဲ့တယ်လို့ သိရပါတယ်။

ဝဲဘက် - အာကာသထဲ ပထမဆုံး​ရောက်ခဲ့တဲ့ နို့တိုက်သတ္တဝါ အာကာသ​မျောက်​လေး အဲလ်ဘတ်
ယာဘက် - အာကာသချန်ပန်ဇီ​လေး Ham

image