ကုန်းလိပ်​လေးများ

၁၉၆၈ ခုနှစ်ဝန်းကျင်ဟာ အ​မေရိကန်ပြည်​ထောင်စုနဲ့ ဆိုဗီယက်နိုင်ငံတို့ အာကာသနဲ့ ပတ်သက်ပြီး အပြိုင်အဆိုင်ဖြစ်​နေကြတဲ့ ကာလ​ပါ။ လ​ပေါ် ဘယ်သူ အရင်​ အ​ရောက်လှမ်းနိုင်မလဲ ဆိုတာကို အ​လောတကြီး ဖြစ်​နေတဲ့ ကာလ​ပေါ့။

ဆိုဗီယက်ရုရှား​တွေက Zond 5 အမည်ရတဲ့ အာကာသယာဉ်​လေးထဲကို ကုန်းလိပ်​လေးနှစ်​ကောင် တင်​ဆောင်ပြီး လကို ပတ်​စေခဲ့ပါတယ်။ အာကာသလိပ်​လေး​တွေဟာ လကို တစ်ပတ်ပြည့်​အောင် ပတ်နိုင်ခဲ့ကြပြီး ကမ္ဘာ​မြေ​ပေါ်ကို ပြန်​ရောက်လာခဲ့ပါတယ်။

လိပ်​လေး​တွေရဲ့ ကိုယ်အ​လေးချိန်​လဲ အရင်ကထက် ​တော်​တော်​လေး ​လျော့သွားကြတယ်လို့ ဆိုပါတယ်။

image