ပါတီကြီးနှစ်ခုကို စိန်ခေါ်မယ်လို အီလွန်မတ်ကြုံးဝါး
*******************
(နိုင်ငံတကာ) ဇူလိုင် ၇
ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်တစ် ပါတီကြီးနှစ်ခုကို စိန်ခေါ်မယ်လို့ “အမေရိကန်ပါတီ” တည်ထောင်သူ အီလွန်မတ်က ကြုံးဝါးပြောဆိုလိုက်ပါတယ်။
အီလွန်မတ်စ်က အမေရိကန်ပါတီ (America Party) ဆိုတဲ့ နိုင်ငံရေးပါတီအသစ်တစ်ခုကို တည်ထောင်လိုက်ပြီလို့ သူ့ရဲ့ X (ယခင် Twitter) မှာ ဇူလိုင်လ ၅ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အခုလိုမကြေညာခင် အီလွန်မတ်စ်က X platform ကတဆင့် အမေရိကန်နိုင်ငံရေး ပါတီသစ်တစ်ခု ဖန်တီးသင့်သလားလို့ Post တင်မေးမြန်းခဲ့ပြီး နောက်တစ်နေ့မှာတော့ “ဒီနေ့ မင်းရဲ့လွတ်လပ်မှုကို ပြန်ပေးဖို့အတွက် အမေရိကပါတီကို ဖွဲ့စည်းလိုက်ပြီ”လို့ သူကပြောဆိုလိုက်တာဖြစ်ပါတယ်။
အီလွန်မတ်ရဲ့ အမေရိကန်ပါတီဟာ ပါတီကြီးနှစ်ခုစလုံးနဲ့ အလယ်အလတ် အမှီအခိုကင်းသူတွေကို ကိုယ်စားပြုတယ်လို့ပြောပါတယ်။
မတ်စ်က သူအပြင်းအထန်ကန့်ကွက်ထားတဲ့ သူ့ရဲ့“ကြီးမားတဲ့ အခွန်ဖြတ်တောက်မှုနဲ့ အသုံးစရိတ်ဥပဒေကြမ်းကို ဇူလိုင်လ ၅ ရက် နေ့မှာ လက်မှတ်ရေးထိုးပြီးနောက် မတ်စ်ရဲ့ ကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒီပါတီကို အမေရိကန်ရွေးကောက်ပွဲအာဏာပိုင်တွေဆီမှာ တရားဝင် မှတ်ပုံတင်ထားပြီးပြီလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးတဲ့အပြင် အီလွန်မတ်စ်ဟာ အမေရိကန်ပြည်ပမှာ မွေးဖွားသူဖြစ်လို့ သမ္မတရာထူးအတွက် အရည်အချင်းမပြည့်မီဘူးလို့လည်း နိုင်ငံရေးအသိုင်းအဝိုင်းတွေက ပြောပါတယ်။
တကယ်တော့ အီလွန်မတ်စ်ဟာ အမေရိကန်ပြည်ပမှာ မွေးဖွားသူဖြစ်လို့ သမ္မတရာထူးအတွက် အရည်အချင်းမပြည့်မီပါဘူး။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီလျွန်မက်တို့ဟာ အမေရိကန်ရဲ့ လိုငွေပြမှုဆိုင်ရာ ဥပဒေကြမ်းကို တိုးမြှင့်လိုက်တာနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် အငြင်းပွားမှုတွေ ဖြစ်ပွားပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာမှာ အခုလိုပါတီထောင်ဖို့အထိဖြစ်လာတာဖြစ်ပါတယ်။