7 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ကွာလာလမ်ပူတွင် အထောက်အထားမဲ့ မြန်မာ ၁၀၀ ကျော် ဖမ်းဆီးခံရ
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ နှစ်နေရာတွင် ပတ်ဝန်းကျင် ဆူပူမှုကြောင့်တိုင်ကြားခံရသည့်အတွက် အထောက်ထားမဲ့ ရွှေ့ပြောင်းမြန်မာလုပ်သား ၁ဝဝ ကျော်ဖမ်းဆီးခံရကြောင်း လူမှုကူညီရေးဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများ နေထိုင်ကြသည့် ကွာလာလမ်ပူမြို့ ချရပ်ကို ပြီးခဲ့သည့် ဇူလိုင် ၂ ရက် ည ၁၁ နာရီဝန်းကျင်တွင် ရဲတပ်ဖွဲ့ ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးဌာနတို့က ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာ ၁၁ဝ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခံရသည့်နေရာတွင်ပင်ဇူလိုင် ၁ ရက် ညပိုင်းကလည်း ရဲတပ်ဖွဲ့ဝင်များနှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့က ပထမအကြိမ် စစ်ဆေးခဲ့ပြီး အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာလုပ်သား ၄ဝ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ထို့ပြင် ဇူလိုင် ၁ ရက်ကလည်း ကွာလာလမ်ပူမြို့ ဂျလန်လောယူးတွင် ချင်းလူမျိုးအများစုနေထိုင်သည့်တိုက်ခန်း၌ တိုင်ကြားချက်ကြောင့် ရဲတပ်ဖွဲ့နှင့် လဝက ကဝင်ရောက်စစ်ဆေးခဲ့ရာ ချင်းလူမျိုး ၄၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ဖမ်းဆီးခံရသူများအားလုံးကို ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် ကွာလာလမ်ပူမြို့ လူဝင်မှုကြီးကြပ်ရေးဌာန (ဘူကစ်ဂျာလီ) ထိန်းသိမ်းရေး စခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

image