သီရိလင်္ကာအမျိုးသားတဦးသည် မြွေသုံးကောင်ကို ၎င်း၏အတွင်းခံဘောင်းဘီထဲတွင်ဝှက်၍ နိုင်ငံတွင်းမှ ခိုးထုတ်ရန်ကြိုးပမ်းမှုဖြင့် ထိုင်းလေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသည်။ အဆိုပါအမျိုးသားကို ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်တွင် ဇူလိုင် ၂ ရက်က ရပ်တန့်စစ်ဆေးခဲ့ရာ အတွင်းခံဘောင်းဘီအတွင်း ပိုက်ကွန်အိတ်ဖြင့် ဝှက်၍သယ်ဆောင်လာသည့် ဘောလုံးစပါးအုံးမြွေ (ball pythons) သုံးကောင်ကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။
ရှီဟန်ဟု အမည်ရသည့် သံသယရှိသူကို ထိုင်းတောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးကွန်ရက် (WEN) က ဖမ်းဆီးထိန်းသိမ်းထားကြောင်း အာဏာပိုင်များက ဇူလိုင် ၃ ရက်တွင် Facebook လူမှုမီဒီယာမှတဆင့် ထုတ်ပြန်ခဲ့သည်။ ၎င်းသည် ခွင့်ပြုချက်မရှိဘဲ တောရိုင်းတိရစ္ဆာန်များကို တင်ပို့ရန် ကြိုးပမ်းမှုဖြင့် ထောင်ဒဏ် ၁၀ အထိ ဖြစ်စေ၊ ငွေဒဏ် ဘတ် တသန်း (အမေရိကန်ဒေါ်လာ ၃၀,၉၀၀) အထိဖြစ်စေ၊ ထောင်ဒဏ်နှင့်ငွေဒဏ် နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရနိုင်သည်။
Credit...