💡တပတ် နှစ်ပတ်လောက် လေ့ကျင့်ခန်းလုပ်ပြီး ခန္ဓာကိုယ်အပြောင်းလဲ ဖြစ်မှာ မဟုတ်ပါဘူး။ 
❗️စိတ်မရှည်ရင် အဆီချဖို့ ကြွက်သားတည်ဆောက်ဖို့ အရမ်းခက်ပါလိမ့်မယ်။ 
ဘာလို့ ခက်သွားသလဲဆိုတော့ ခက်အောင်လုပ်လိုက်လို့ပါ။  
✅ခက်သွားရတဲ့ အကြောင်းရာတွေတည်းက တခုက စိတ်မရှည်လို့ပါ။  
စိတ်မရှည်ခြင်းရဲ့ နောက်ဆက်တွဲတွေကတော့  
🔸လေ့ကျင့်ခန်းတွေ ပိုလုပ်ခြင်း 
🔸Program အမျိုးမျိုးပြောင်းခြင်း 
🔸Trainer တွေ တယောက်ပြီးတယောက် ပြောင်းခြင်း 
အမြဲဟိုခုန် ဒီခုန်ဖြစ်နေတာကနေ ဘယ်မှကို မရောက်တော့တာပါပဲ။ 💯 
ဒီတော့ ကြွက်သားတည်ဆောက်ချင်တာ ဖြစ်စေ၊ အဆီကျချင်တာဖြစ်စေ ကိုယ်ရေရှည်စွဲစွဲမြဲမြဲ လုပ်သွားလို့ရမယ့် လေ့ကျင့်ခန်း ပရိုဂရမ်နဲ့ စားသောက်မှုပုံစံကို ရွေးပါ။ ပြီးရင် အဲ့တာတွေက်ို နှစ်နဲ့ချီသာ တစိုက်မက်မက်လုပ်သွားကျပါ။
 
 
		  
		 
		 
		 
		 
                