အခု ဓာတ်ပုံဟာ NASA ရဲ့ နာမည်ကျော် Hubble တယ်လီစကုတ်ကြီးက ကမ္ဘာနဲ့ အလင်းနှစ် ၂၀၀၀၀ ခန့် အကွာမှာရှိနေတဲ့ Carina   constellation ဆီက NGC 3603 နက်ဗြူလာ (Nebula) ထဲက ကြယ်စင်တာရာတွေကို ရိုက်ကူးယူထားတာဖြစ်ပါတယ်။ 
နေလိုမျိုး ကြယ်စင်ပေါင်းများစွာဟာ တစ်နေရာထဲမှာ နီးကပ်စွာတည်ရှိနေကြတာဖြစ်ပါတယ်။ဒီပုံထဲက အဝါရောင်အစက်အပြောက်အားလုံးဟာ နေကဲ့သို့ ကြယ်စင်တွေ့ဖြစ်ကြပါတယ်။ 
Hubble telescope ကြီးဟာ ၁၉၉၀ ခုနှစ်ခန့်မှစတင်ပြီး ကျွန်တော်တို့လူသားတွေ အတွက် များပြားလှတဲ့ အာကာသ ဓာတ်ပုံတွေ အချက်အလက်တွေကို ယူဆောင်လာခဲ့ပြီးပါပြီ။ ဒီအချက်အလက်တွေကို အသုံးချ လေ့လာ့ပြီး လူသားတွေရဲ့ အာကာသ သိပ္ပံဟာ တဖြေးဖြေး တိုးတက်လာခဲ့တာဖြစ်ပါတယ်။
 
         
 
		  
		 
                