#နိုင်ငံတကာသတင်း 
◼ တာလီဘန်အစိုးရကို အသိအမှတ်ပြုသော ကမ္ဘာ့ပထမဆုံးနိုင်ငံ ရုရှားဖြစ်လာ 
အာဖဂန်နစ္စတန်နိုင်ငံ၏ သံအမတ်ကြီးသစ် ခန့်အပ်လွှာအား လက်ခံလိုက်ကြောင်း ရုရှားက ယမန်နေ့က ပြော ကြားလိုက်သဖြင့် တာလီဘန်အစိုးရအား အသိအမှတ်ပြုသော ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်လာခဲ့သည်။ 
နှစ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရေး အလားအလာကောင်းများကို မော်စကိုက မြင်တွေ့ထားကြောင်း နှင့် လုံခြုံရေး ၊ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး နှင့် မူးယစ်ဆေးဝါးဆိုင်ရာပြစ်မှု နှိမ်နင်းခြင်းများတွင် ကဘူးလ်ကို ဆက်လက် ကူညီပေးသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ပြောကြားသည်။ 
မော်စကို က ကဘူးလ် နှင့် ဆက်ဆံရေးတွင် ကုန်သွယ်ရေး နှင့် စီးပွားရေးအခွင့်အလမ်းများကိုလည်း မြင် တွေ့ ထားပြီး အထူးသဖြင့် စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး နှင့် အခြေခံအဆောက်အအုံ ကဏ္ဍများတွင် ဖြစ်ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။ 
အာဖဂန်နစ္စတန်အစ္စလာမ်မစ်နိုင်ငံတော် အစိုးရအဖွဲ့အား တရားဝင်အသိအမှတ်ပြုခြင်းက နှစ်နိုင်ငံကြား နယ် ပယ်ပေါင်းစုံတွင် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို အုတ်မြစ်ချပေးမည်ဟု မိမိတို့ ယုံကြည်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်ပြောသည်။ 
ရုရှားနိုင်ငံ၏ သတ္တိရှိသော ခြေလှမ်းကို မိမိတို့ တန်ဖိုးထားကြောင်း နှင့် ယင်းမှာ အခြားလူများအတွက် နမူနာ ဖြစ်နိုင်ကြောင်း အာဖဂန်နိုင်ငံခြားရေးဝန်ကြီး အာမေးခန်မူတာကီ က ထုတ်ပြန်ပြောကြားသည်။ 
နှစ်ပေါင်း ၂၀ စစ်ဆင်နွဲပြီး အမေရိကန်က ယင်းနိုင်ငံမှ ဝရုန်းသုန်းကား  ဆုတ်ခွာခဲ့စဉ် ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် အာဖဂန်နစ္စတန်နိုင်ငံတွင် အာဏာရယူခဲ့သော တာလီဘန်အစိုးရကို ယခုအချိန်အထိ မည်သည့်နိုင်ငံကမျှ အသိ အမှတ် မပြုသေးကြောင်း သိရသည်။ 
သို့ရာတွင် တရုတ်၊ ယူအေအီး၊ ဥဇဘက်ကစ္စတန် နှင့် ပါကစ္စတန်တို့က ကဘူးလ်မြို့တွင် သံအမတ်ကြီး အ ဖြစ် လျာထားသူများအား ထားရှိပြီးဖြစ်ရာ တရားဝင်အသိအမှတ်ပြုရန် ခြေလှမ်းထားခြင်းဖြစ်သည်။ 
ရုရှား၏လုပ်ရပ်မှာ နိုင်ငံတကာကအသိအမှတ်ပြုမှုရရှိရန် ကြိုးစားနေသော တာလီဘန်အစိုးရအတွက် ကြီး မား သောမှတ်တိုင်တစ်ခုဖြစ်သွားခဲ့ကြောင်း ရိုက်တာသတင်းက ဆိုသည်။ 
သို့သော်ယင်းလုပ်ရပ်ကို ဝါရှင်တန်က အနီးကပ်စောင့်ကြည့်နေဖွယ်ရှိပြီး အာဖဂန်နစ္စတန်ဗဟိုဘဏ်၏ ပိုင်ဆို င်မှုဖြစ်သော ကန်ဒေါ်လာ ဘီလီယံပေါင်းများစွာကို ထိန်းချုပ်ထားကာ တာလီဘန်အဖွဲ့ ထိပ်တန်း ခေါင်း ဆောင်များအပေါ်လည်း တားဆီးပိတ်ဆို့မှုများ ချမှတ်ထားကြောင်း သိရသည်။ 
သတင်း-ရဲမင်း 
ကိုးကား-Reuters
 
         
 
		  
		 
		 
                