ဒီနေ့ပြောပြမယ့်ဇာတ်လမ်းကတော့...ကျနော်ရဲ့ငယ်ဘဝ 
၁၀ တန်းအောင်ပြီးခါစ ကအဖြစ်အပျက်လေးကိုပြောပြမှာဖြစ်ပါတယ်...။အဲ့တုန်းက ကျနော်တို့ဘော်ဒါ၃ယောက် တာမွေမြို့နယ်က... ဟိုတယ်တစ်ခုမှာ အာကာအလုပ်ရတာနဲ့အရက်သွားသောက်ခဲ့ကြပါတယ်။ အမြဲတမ်းလည်း ဒီဟိုတယ်မှာ တစ်ယောက်ယောက်အဆင်ပြေတယ်ဆို 
ရင် အောင်ပွဲသွားခံပြီးသောက်ဖြစ်တော့ မရောက်ဖူး တဲ့အခန်းဆိုတာမရှိသလောက်ပဲ။ ပြီးမှ ဘော်ဒါစုံတော့ နည်းနည်းတော့ သောက်မိကြတာပေါ့ဗျာ အဟဲဟဲ ။ 
အဲ့နေ့က ဟိုတယ်ဝင်ဝင်ချင်းမှာတင် မိုးတွေကရွာနေတာ မိုးအေးအေးနဲ့ 
သောက်ရတော့ မိုက်ပြီလို့တွေးပြီး သူငယ်ချင်းတွေတစ်ယောက်ကို 
တစ်ယောက် ရောက်တတ်ရာရာစကားတွေပြောနေသေးတယ်။ 
 
'' သားကြီးတို့ ဒီနေ့ကတော့ အမူးသောက်ပြီးမင်းတို့ကိုရင်ဖွင့်ချင်တယ်'' 
 
''  မင်းကောင်မလေးထားသွားတာမို့လား '' 
 
'' အေး ဆိုပါတော့လေ '' 
 
'' ဒီနေ့တော့ မင်းအသည်းကွဲကောင်းမှာပါမိုးကလည်းဆက်တိုက်ကို 
ရွာနေတော့တာပဲ'' 
 
          ကျနော်တို့စကားတပြောပြောနဲ့ အရက်သောက်နေကြတာပေါ့။ 
ကျနော့်သူငယ်ချင်းအာကာက သူ့ကောင်မလေးနဲ့ပြတ်သွားတော့ 
သူရဲ့ အသည်းကွဲတာတွေထိုင်ပြောပြတာပေါ့။ နောက်တစ်ကောင် 
ရဲရင့်ကလည်း ဒီဟိုတယ်ရောက်တိုင်း သရဲတွေက ဟိုတယ်မှာရှိတတ်တယ်လို့အမြဲပြောတယ် နောက်တော့လည်း ဘာမှမရှိပါဘူးဗျာ  
ဒီမှာအမြဲလာတည်းနေတော့ ဒီကောင်ပါးစပ်သရမ်းလည်း သိပ် 
မထူးလွပါဘူး။ က်နော်တို့ သောက်ရင်း ည၁၂လောက်ရောက်တော့ 
မီး စပြတ်သွားပါတယ် ဟိုတယ်ကောင်လေးတွေကိုဖုန်းဆက်မေးတော့ 
မီးစက်ထဲရေနဲ့ရောထည့်မိလို့ ပြတ်သွားတာပါတဲ့ ၃နာရီလောက်ကြာဦးမယ်တဲ့ အဲ့ထက်လည်းကြာနိုင်ပါတယ် တဲ့ အဲ့ဒါနဲ့ သောက်လို့ကောင်းနေတော့ ပြတင်းပေါက်တွေဖွင့်ပြီး ဆက်သောက်နေတာပေါ့။  
 
'' ဟေ့ကောင် အာကာ ရဲရင့်အိမ်သာသွားတာကြာနေပြီလားလို့'' 
 
'' အိမ္သာထဲခေါင်းစိုက်နေပြီထင်တယ် ဟားဟား'' 
 
'' ငါသွားကြည့်လိုက်ဦးမယ်'' 
 
             အိမ်သာအရှေ့ရောက်တော့  
 
'' ရဲရင့် မင်းကြာနေလို့ငါလိုက်လာတာ အဆင်ပြေရဲ့လား'' 
 
           တစ်ဖက်ကဘာမှပြန်မပြောတော့ တံခါးကိုအတင်းဆွဲဖွင့် 
တာပေါ့ အထဲကလော့ချထားတာသိတော့ စိတ်ပူပြီးတစ်ခုခုများဖြစ်နေတာလားဆိုပြီး ဟိုတယ္ကလူတွေကိိုသော့အပိုယူခိုင်းပြီး ဖွင့်မလိုလုပ်နေတုန်း ရဲရင့်အိမ်သာထဲကပြန်ထွက်လာတယ် ။ ပြီးတော့  
က်နော်တို့အရှေ့ တဖြည်းဖြည်းလျှောက်လာတယ် မျက်နှာမှာ 
ကြောက်ရွံနေတဲ့စိတ်အပြည့်မြင်နေရတယ်။ ပြီးတော့  
ချက်ချင်းလဲကျပြီးသတိမေ့သွားတယ် ဆေးရုံကိုအမြန်ဖုန်းဆက်ပြီး 
ဆေးရုံတင်လိုက်ရတာပေါ့။ သတိပြန်ရလာမှ က်နော်တို့ကိုသူ 
သရဲအခြောက်ခံရတဲ့အကြောင်းပြောပြလာတယ်။  
 
    '' ငါအိမ်သာထဲဝင်တုန်း    အာချောင်လိုက်မိတယ် သရဲရှိတယ်ဆိုရင် ငါကိုခြောက်စမ်းကွာဆိုပြီး ပြောပြီးဘယ်လောက်မှကိုမကြာလိုက်ဘူး 
ငါကိုအေနာက္ကေန တွန်းချပစ်လိုက်တာ ငါလည်းအနောက်လှည့် 
ကြည့်တော့ ဆံပင်တွေကခြေဖျားလောက်ထိကိုအရှေ့ချထားတာ 
သွေးညီနံဆိုတာပြောမနေပါနဲ့နံလိုက်တာဆိုတာ  
အဲ့ဒါ ငါလည်း ကြောက်လို့ တံခါးကိုအမြန်ဖွင့်ဖို့ခလုတ်ကိုကိုင်လိုက်တာ 
ကိုင်လို့မရဘူး နီးနီးလေးကို လက်တွေကအရှေ့ကိုမရောက်ပဲ ဖြစ်နေတာ ငါလည်းခေါင်းတွေကြီးလာပြီးတော့ အော်တာပေါ့ ဒါပေမဲ့ 
အော်မရဘူး အော်ဖို့တစ်ခါကြိုးစားတိုင်း လည်ပင်းနားကိုမီးပူနဲ့လာလာထိုးနေသလိုပူတာဆိုတာကွာမပြောနေပါနဲ့... အိမ်သာခွက်ထဲကနေ 
လက်ထွက်လာလိုက် နံရံတွေထဲကနေသွေးတွေတပေါက်ပေါက်နဲ့ 
စိမ့်ပြီးယိုလာတာ မကြည့်ရဲလို့မျက်လုံးမှိတ်ဖို့ကို မှိတ်မရပြန်ုဘူးကွာငါလည်း စိတ်ထဲကနေတောင်းပန်ပါတယ်ပြောတော့မှ 
ငါရဲ့ကျောပြင်ကို အားနဲ့ရိုက်ချပစ်လိုက်တာ အဲ့ကြမှငါတံခါးဖွင့်လို့ရတာကွာ'' 
 
          ခင်ဗျားလည်း ပါးစပ်မသရမ်းနဲ့နော် အိမ်သာသွားရင်လည်း 
သတိထားသွားဦးမီးပျက်သွားရင်သရဲပေါ်လာနေမယ်နော်။ 
 
( ဟိုတယ်ကတော့တာမွေဈေးနားကဟိုတယ်တစ်ခုပါ နာမည်တော့ 
မပြောတော့ပါဘူးခင်ဗျာ) 
 
#ဆက်လက်ကြိုးစားပါဦးမည် 
# ဝိုင်စီရဲ 
Credit..
 
         
 
		  
		 
		 
		 
                