#မယုံကြည်နိုင်ဖွယ်ရာမိန်းကလေးတဦးရဲ့အဖြစ် 
     *""* ' *""* ' *""* ' *""* ' *""* ' *""* ' *""* 
        (ဖြစ်ရပ်မှန်-ပရလောကစာစု-စ/ဆုံး) 
 
"ခွမ်း" 
 
"ဝုန်း" 
 
"အားး" 
 
"ဟ ဘာလဲ ဟ ဘာလဲ ဘာလဲ" 
 
         ကိုသိန်းသန်းကုဋေတို့အဖွဲ့အလုပ်ပိတ်ထား၍ ဘော်ဒါတွေစုပြီး အပန်းပြေယမကာဝိုင်းဖွဲ့နေခြင်းဖြစ်လေသည်။ ထိုအခိုက်တွင် ဖန်ခွက်တွေဟာ အလိုအလျှောက်အစိပ်စိပ်အမွှာမွှာကွဲကြေထွက်သွားခဲ့လေသည်။ 
 
         သူတို့ကလူအများဖြစ်၍ ကြမ်းခင်းပေါ်တွင်ဝိုင်းဖွဲ့ထိုင်နေကြခြင်းဖြစ်ပြီး ဖန်ခွက်များကတော့ သူတို့ထိုင်နေသည့်ဘေးနားမှစားပွဲခုံပေါ်တွင်တင်ထားခြင်းဖြစ်လေသည်။ ယခုဖန်ခွက်ကွဲ၍အားလုံးအထိတ်တလန့်ဖြင့်ထရပ်လိုက်မိကြလေသည်။ 
 
"ဟာ ဘယ်လိုဖြစ်ရတာလဲ" 
 
"မသိဘူးကိုသိန်းသန်း အလိုလိုထကွဲတာလေ" 
 
"ဟုတ်ပါ့ ထူးဆန်းချက် တို့အားလုံးဒီမှာအတူရှိနေကြတာကိုး" 
 
"ကျွတ် ရိုးမှရိုးပါရဲ့လားမသိဘူးကွာ" 
 
"အင်း ဟုတ်ပါ့ဗျာ ကိုသိန်းသန်းပြောမှကျနော်လည်းသတိရမိတယ်"......?????????????????? 
 
Credit....
 
 
		  
		 
		 
		 
		 
                