အောင်စိန်ရေ..... 
အရက်ကသကြားမဟုတ်တော့ 
နည်းနည်းလေး ခါးမယ်ကွ... 
 
ဒါပေမယ့် 
ရူးခဲ့ရတဲ့ ချစ်ခြင်းတွေအတွက် 
တစ်ခဏတာတော့ ငါတို့မူးမေ့အောင် 
သောက်မယ်.... 
 
မင်းသိလား ` အောင်စိန်... 
ရွှေကြာဆိုတာ ရေကြည်မှာဘဲပွင့်တဲ့ " ပန်း 
နေကြာဆိုတာလည်း နေရှိရာမျက်နှာမူ 
တမူထူးပွင့်တဲ့ " ပန်း 
 
ငါတို့လို ငွေမရှိတဲ့ဗေဒါတွေက 
ရေဇလာမှာမျှေား 
သူမပေးတဲ့သောကတွေနဲ့ 
ဘုံဆိုင်မှာပျော် ဆိုစရာသီချင်းတစ်ပုဒ်နဲ့ 
မျက်ရည်ကအဖော်ပေါ့ကွာ..... 
 
#__စာတို__ကဗျာ
 
 
		  
		 
		 
		 
		 
                