#ဝေဘူဆရာတော်ဘုရား၏
#ဝိပဿနာသြဝါဒ(၁၅)ချက်
ဝိပဿနာကမ္မဌာန်းတရားနှင့်ပက်သက်၍
ပြောဆိုဆုံးမရာ၌အဓိကထားဟောကြား
တော်မူသော်သြဝါဒ(၁၅)ချက်မှာ
အောက်ပါအတိုင်းဖြစ်၏
၁။ဝိပဿနာတရားဆိုတာ
ထင်ရှားရှိသောတရားကို
မြင်အောင်ရှုရသည် ။
၂။ထင်ရှားရှိသောတရားကို
မြင်အောင်မရှုနိုင်လျှင်ဝိပဿနာမဖြစ်။
၃။ထင်ရှားရှိသောတရားဆိုတာ
အခြားမှာသွား၍ ရှုမှရတာမျိုးမဟုတ်
ကိုယ်မှာရှိသောတရားဖြစ်သည်
၄။ကိုယ်မှာရှိသောတရားဆိုတာ
#ထွက်သက်ဝင်သက်ပင်ဖြစ်သည်။
၅။ထွက်သက်ဝင်သက်ဆိုတာ
အမိဝမ်းကမွေးကတည်းက
သေသည်အထိအမြဲမပြတ်
#တရစပ်ရှိနေသောတရား
သဘောဖြစ်သည် ။
၆။ထွက်ဝင်သက်သည်အလုပ်လုပ်နေရင်း
စကားပြောနေရင်းစားနေရင်း
စာကျက်နေရင်း စဉ်းစားနေရင်းလည်းရှိသည်
အိပ်ပျော်နေရင်းလည်းရှိတာပဲဖြစ်သည်
၇။ထွက်သက်ဝင်သက်သည်
အမြဲမပြတ်ရှိနေသော်လည်း
အမှတ်တမဲ့နေကြ၍
#သတိမမူဂူမမြင်သတိမူလျှင်
#မြူကိုတောင်မြင်ရတယ်ဆိုတာလိုပဲ
ဂရုဆိုက်၍ကြည့်မှ ရှိမှန်းသိကြသည်
၈။ကြည့်တယ်ဆိုရာ၌
ဝိပဿနာဖြစ်ဖို့ရာမှာထွက်သက်လေ ဝင်သက်လေထိရာနှာသီးဖျားမှာ
#ရိပ်ရိပ်ရိပ်ရိပ်နှင့်ထိထိသွားတာကို
သိအောင်ကြည့်ရမည် ။
၉။#ထိတာဟာပရမတ်သဘောဖြစ်သည်
#သိတာကနာမ်သဘောဖြစ်သည်
၁၀။တရိပ်ရိပ်နှင့်ထိတိုင်းပျောက်တိုင်း
ရုပ်နာမ်နှစ်ပါးဖြစ်မှုပျက်မှုတွေ
ဖြစ်ပျက်၍နေခြင်းဖြစ်သည်
၁၁။တရိပ်ရိပ်နှင့်နှာသီးဖျားတွင်
ထိလိုက်ပျောက်လိုက်နေတာတွေကိုသာ
တစ်ဆက်တည်းမြင်အောင်ကြည့်နေလျှင်
ကြာတော့ကာဝိပဿနာသမာဓိ
တစ်စထက်တစ်စတစ်ခဏထက်တစ်ခဏတိုးတက်၍အားကြီးလာသောအခါ
နှာသီးဖြားတွင်မကခန္ဓာကိုယ်မှာလည်း
အလိုလိုတရိပ်ရိပ်တရွရွ
ဖြစ်ဖြစ်လာတာတွေကိုတွေ့ရတက်၏
တွေ့လိုသောနေရာတွင်စိတ်ဖြင့်စိုက်၍
ရှုနေလျှင်လည်းတရိပ်ရိပ်တရွရွနှင့်ပင်
တွေ့နေရတက်၏
၁၂။တစ်ကိုယ်လုံး၌တရိပ်ရိပ်တရွရွ
အစဉ်မပြတ်ဖြစ်ပျက်နေတာတွေကို
တွေ့၍လာရသောအခါ
(#အနိစ္စသညိနောမေဃိယအနတ္တသညာသဏ္ဌာတိ)ဟူသောပါဠိတော်အရ
#အနိစ္စကိုကောင်းစွာမြင်ရသောကြောင့်
#အနတ္တအလိုလိုထင်၍လာလိမ့်မည်။
ဝိပဿနာယောဂီ၏အလုပ်သည်
ထိမှုကိုရှုနေရုံသာဖြစ်သည်
ကြည့်ရှုနေရင်းသိသင့်သိထိုက် သမျှကိုမူကားအလိုလိုသိ၍လာလိမ့်မည်
၁၃။ဤကဲ့သို့တရိပ်ရိပ်နှင့်ထိမူတို့ကို
ကြည့်ရှုနေရင်းမဂ်ဥာဏ် ဖိုလ်ဥာဏ်ဖြစ်လာသည်ရှိသော်
သိသာလှပါ၏
#အဘယ်သို့သိရမည်နည်းဟူမူ
#ရေငတ်နေသောသူသည်
#ရေကိုသာသောက်ရသည်ရှိသော်
#ရေငတ်ပြေသကဲ့သို့ဖြစ်သွားတော့၏
၁၄။မဂ်ဥာဏ်ဖိုလ်ဥာဏ်ကို ရပြီးရောက်ပြီး၍ဖလသမာပတ်ကိုဝင်စားလိုလျှင်မိမိလာဖူးသောလမ်းကို
ပြန်၍ကြည့်ရ၏
၁၅။ဤအတိုင်းဖြစ်ခြင်လျှင်
တရိပ်ရိပ်နှင့်ထိမှုတို့ကိုသာကြည့်ရှု၍နေ
#ထွေလီကာလီတွေလိုက်၍လုပ်မနေနှင့်
ကျေးဇူးတော်ရှင်ဝေဘူဆရာတော်
………………………………………………………
အရှင်ရာဇာနန္ဒ
ကန့်ဘလူသျှင်ရာဇာ(ကိုးမြို့)
အနောက်ပြင်ခင်မကန်ကျောင်းတိုက်
#ပုညသိန်းနိုင်ponnyatheinnaing