17 w - Translate

မြစ်ကြီးနားမြို့ မြစ်ရေ အတက်ဘက်သို့ ပြန်လည်ဦးတည်နေ
မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေသည် အတက်ဘက်သို့ ပြန်လည်ဦးတည်နေမည်ဖြစ်ကြောင်း ယနေ့တွင် မြစ်ကြီးမြို့ မိုး/ဇလ ဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းသည် ဧရာဝတီ မြစ်အထက်ပိုင်း၌ မိုးအားအနည်းငယ်မှ အသင့်တင့်ရွာသွန်းနေသလို ရံဖန်ရံခါ ဧရာဝတီ မြစ်ဆုံအထက်ပိုင်းတွင်လည်း နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းခြင်းများကြောင့် မြစ်ကြီးနားမြစ်ရေမှာ ကျဆင်းနေရာမှ အနည်းငယ် ပြန်တက်လာခြင်း အကြိမ် ကြိမ် ဖြစ်ပေါ်နေမည်ဟု ဆိုသည်။
ယနေ့ ဇူလိုင် (၃)ရက်ညနေပိုင်းအချိန်အထိ မြစ်ရေဆက်လက်မြင့်တက်နေမည်ဖြစ်ပြီး တစ်ပေမှ တစ်ပေခွဲကျော် မြစ်ရေတက်နိုင်ကြောင်း သိရသည်။
လက်ရှိ မြစ်ကြီးနားမြို့၏ မြစ်ရေသည်
စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာသို့ ရောက်ရှိရန် (၁၉)ပေခွဲ ခန့် အလိုတွင် ရောက်ရှိနေကြောင်း သိရသည်။
မြန်မာပြည်မြောက်ပိုင်း စွန်းဒေသများ
နှင့် ဧရာဝတီ မြစ်အထက်ပိုင်း ဒေသများတွင် တိမ်ဖြစ်ထွန်းမှု အားကောင်းလာနေသည်ကိုတွေ့ရပြီး၊ နောက်လာမည့်ရက်များတွင် မိုးအားအသင့်တင့်ရှိလာနိုင်သည်ဟု ဆိုသည်။

image