18 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼ပြည်သူ့စစ်ခေါင်းဆောင်နှင့် ရပ်/ကျေးအဖွဲ့ဝင်များကို နစက က ရဲဗလဆုတံဆိပ်ပေးအပ်၊ အမျိုးသမီး ၁၅၀ ဦးအားဂုဏ်ထူးဆောင်ဘွဲ့နှင့်ဆုတံဆိပ်များလည်းပေးအပ်
ပြည်သူ့စစ်ခေါင်းဆောင်နှင့် ရပ်/ကျေးအဖွဲ့အဝင်များကို ရဲဗလဆုတံဆိပ်ပေးခြင်းအပါအဝင် အမျိုးသမီးစုစုပေါင်း ၁၅၀ ဦးကို နစက က ဂုဏ်ထူးဆောင်ဘွဲ့နှင့်ဆုတံဆိပ်များ ပေးအပ်ကြောင်း သတင်းထုတ်ပြန်သည်။
ယနေ့ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကိုဂုဏ်ပြုသောအားဖြင့် သက်ဆိုင်ရာလုပ်ငန်းနယ် ပယ်အလိုက် ထူးချွန်ပြောင်မြောက်စွာကြိုးပမ်းဆောင်ရွက်ခဲ့သည့်အမျိုးသမီးများကို ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်နှင့်ဆုတံဆိပ်များပေးအပ်ခြင်းဖြစ်ကြောင်း နစက၏ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ယင်းထုတ်ပြန်ချက်အရ ရဲဗလတံဆိပ် ပေးအပ်ခံရသူများတွင် မြင်းခြံမြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန်၊၂၀၂၃ ခုနှစ် မေလက ရန်ကုန် မြို့၌ပစ်ခတ်ခံရပြီးသေဆုံးသည့် အဆိုတော်လီလီနိုင် ကျော်(ခ)ဒေါ်လီလီနိုင်စိုး အပါအဝင် အလားတူသတ်ဖြတ်ခံရသည့် အရပ်ဘက်ဌာနဆိုင်ရာနှင့် အုပ်ချုပ် ရေးဝန်ထမ်းအမျိုးသမီး ၁၂ ဦး၊ ကာကွယ်ရေး၊ ပြည်ထဲရေးစသည့်ဌာနတို့မှ ဝန်ထမ်းအမျိုးသမီး စုစုပေါင်း ၆၅ ဦးပါဝင်သည်။
ယခုနှစ် ဖေဖော်ဝါရီလအတွင်း ဒေါပုံမြို့နယ်၌ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူနေချိန် ဓာတ်ဆီပက်မီးရှို့ခံရကာ သေဆုံးခဲ့သည့် ဆယ်အိမ်မှူး ဒေါ်နှင်းသီတာ၊ ၂၀၂၂ ခုနှစ်စက်တင်ဘာလက လောင်းလုံး-ထားဝယ်ကားလမ်းပေါ် ပစ်ခတ်မှုတခုအတွင်းသေဆုံးခဲ့သည့် လောင်းလုံးမြို့နယ် ပန်းဒလဲ ကျေးရွာ အုပ်ချုပ်ရေးမှူး ဒေါ်ညိုဝင်းတို့ကိုလည်း နစက က ရဲဗလတံဆိပ်ပေးအပ်သည်။
ရဲဗလတံဆိပ်သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနှင့်စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များအနက် တတိယမြောက် အမြင့်ဆုံးတံဆိပ်ဖြစ်သည်။
လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ တာဝန်တစ်ရပ်ရပ်ကို ထမ်းဆောင်ရာ၌ မိမိအသက်အန္တရာယ် လုံးဝမငဲ့ကွက်ဘဲ ကြံ့ခိုင်သောစိတ်ဓာတ်၊ စံတင်လောက်သည့် စွမ်းရည်ဖြင့် ထူးချွန်စွာဆောင်ရွက်သူကို အမြင့်ဆုံးအဖြစ် ရဲသီဟတံဆိပ်ပေးအပ်ပြီး ထို့နောက် ရဲသူရ၊ ရဲဗလ၊ ရဲသူရိန်၊ ရဲကျော်စွာရဲကျော်သူ တံဆိပ်များကို အဆင့်အလိုက်ပေးအပ်ခြင်းဖြစ်သည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဥက္ကဌ ဒေါ်စောမြရာဇာလင်းနှင့် ကရင်အမျိုးသားအစည်းရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC)ဒုတိယဥက္ကဌ နော်ကပေါ် ထူးတို့ကိုလည်း နစက က ဝဏ္ဏကျော်ထင်ဘွဲ့ပေးအပ်ကြောင်းဖော်ပြထားသည်။
ALP ပါတီနှင့် KNU/KNLA(PC) တို့သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လက် မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့အစည်းများဖြစ်သည်။
အစိုးရအဆက်ဆက်ပေးအပ်လေ့ရှိသည့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ဆိုင်ရာသတ်မှတ်ချက်များအရ ဝဏ္ဏကျော်ထင်ဘွဲ့သည် အများပြည်သူတို့၏ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲ ကောင်းမွန်စွာ ဆောင်ရွက်မှုအတွက် ပေးအပ်လေ့ရှိသည့် ဘွဲ့တစ်ခုဖြစ်သည်။
ယ‌နေ့ဘွဲ့တံဆိပ်ပေးအပ်ခံရသူများတွင် အနုပညာရှင် ဒေါ်ဆွေဇင်ထိုက်နှင့် စာပေပညာရှင် ဒေါ်မြမြသန်း(ခ) မနှင်းဖွေးတို့လည်းပါဝင်ပြီး ၎င်းတို့ကိုအနုပညာထူးချွန်တံဆိပ်(ပထမအဆင့်)နှင့် စာပေပညာ ထူးချွန်တံဆိပ်(ပထမအဆင့်)များပေးအပ်ထားသည်။
သတင်း - ပိုင်လေး

image