1 w - Translate

🌱🌳မြန်မာနိုင်ငံတွင် အလေ့ကျပေါက်သီးပွင့်နေသောစွန်ပလွန်ပင်များကို နေရာအနှံ့ တွင် မြင်တွေ့နိုင်ပါသည်။ အသီးများ ကို လတ်လတ်ဆတ်ဆတ်စားကြသလို ယိုထိုးထားသော စွန်ပလွန်သီးများကို လူတော် တော်များများ ကြိုက်နှစ်သက် ကြပါသည်။
အပူပိုင်းနှင့် အပူပိုင်းသမဒေသများတွင် အလွယ်တကူစိုက်ပျိုးကြီးထွား နိုင်ပါသည်။ စွန်ပ လွန်သီးများ ကို ဒေသဈေးကွက်နှင့် နိုင်ငံတကာဈေးကွက်တို့တွင် မြင့်မားစွာ လို အပ်နေသောေ ကြာင့် စွန်ပလွန်ပင်များကို စီးပွားဖြစ်စိုက်ပျိုးသူတို့အတွက် အလွန်အောင်မြင်မှုကို ရစေပါသည်။ စွန်ပလွန်စေ့ ( Date seed ) ကို ရေစိမ်ကြိတ်ခွဲ၍ တိရစ္ဆာန်အစားအစာဖြင့် အသုံးပြုနိုင်ပါသည်။ အလှကုန်ပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတို့ သည် စွန်ပလွန်ဆီကို အလှကုန်ပစ္စည်းများပြု လုပ်ရာတွင် သုံးစွဲကြသည်။
စွန်ပလွန်အပင် ( date tree ) သည် အမြင့် ပေ ၇၀ ထိမြင့်သည်။ ပင်စည်တစ်ခုတည်း သို့မဟုတ် ပင်စည်အများကြီးဖြင့် ကြီးထွားကြသော်လည်း ရေသောက်မြစ်တစ်ခုတည်း သာရှိသည်။ အရွက်များမှာ ၁၅-၂၀ ပေရှည်ပြီး ရိုးတံတွင်ဆူးများပါရှိသည်။ အရွက်ငယ်များသည် ၁ ပေခန့် ရှည်သည်။
စွန်ပလွန်သီး(date fruit) များသည် ဘဲဥလုံးရှည်ပုံရှိပြီး အရှည် ၁လက်မခွဲ ၂ လက်မ ၊ အချင်း ၁လက်မ ရှိသည်။ ကျောက်ခဲကဲ့သို့မာကျောသော အစေ့တစ်စေ့တည်းသာရှိပြီး အစေ့မှာ အရှည် ၁လက်မခန့် ရှိသည်။ စွန်ပလွန်သီး များ (Dates) သည် စိုက်ပျိုးသည့် မျိုးပေါ်မူတည်၍ အနီရောင်ရင့်ရင့်မှ အဝါရင့်ရင့် အရောင်များအထိရှိသည်။
အသီးများရင့်မှည့်သည့် အဆင့် (၄) ဆင့်ရှိသည်-
- အသီးနုချိန်
- အသီးကြီးချိန်
- အသီးရင့်မှည့်ကာစ
- အသီးရင့်မှည့်ချိန်
ရာသီဥတု
ရာသီဥတုလိုအပ်ချက်အနေဖြင့် နေ့တာရှည်ပြီး အပူချိန်မြင့်သော နွေရာသီ ကာလနှင့် ဆီးနှင်း မရှိသောဆောင်း အခါသည် အပင်ကြီးထွားပြီး ပန်းပွင့်ကာ အသီးသီးရန်အတွက် အကောင်း ဆုံးအနေအထားဖြစ်သည်။ ပန်းပွင့်၍ အသီးသီးချိန်တွင် စိုထိုင်းမှုအနည်းငယ်ရှိတဲ့အခြေအနေနှ င့် နေရောင်အများကြီး ရရှိရန်လိုအပ်ပြီး မိုးရွာခြင်းကို မကြိုက်နှစ်သက်ပါ။

image