#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အယ်လီဂေတာအယ်လ်တာထရက်ဇ်စခန်းသို့ သမ္မတဒေါ်နယ်ထရန့် သွားရောက်စစ်ဆေး
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ဇူလိုင် ၁ ရက်တွင် ဖလော် ရီဒါပြည်နယ် အဲဗားဂလိတ်ဒေသ၌ တည်ဆောက်ထားသော တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူ ယာယီထိန်းသိမ်းရေးစခန်းသို့သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်ယာမီမြို့တော်မှ ၃၇ မိုင်ကွာဝေးသောမိကျောင်းနှင့်စပါးကြီးမြွေများ ထူပြောသည့်စိမ့်တောမြေတစ်ခု၌ တည်ရှိသည့် အဆိုပါယာယီထိန်းသိမ်းရေးစခန်းသည် တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူ ၅ဝဝဝ အထိလက်ခံထိန်းသိမ်းထားနိုင်ကြောင်း သိရသည်။
မိကျောင်းနှင့် စပါးကြီးမြွေပေါများသောဒေသ၌ တည်ဆောက်ထားခြင်းကြောင့် အယ်လီဂေတာအယ်လ်ကာထရက်ဇ်စခန်းဟူ၍ အမည်ပေးထားသော အထက်ပါတရားမဝင်ရွှေ့ပြောင်းသူ ယာယီထိန်းသိမ်းရေးစခန်းအတွက် အမေရိကန်အစိုးရအနေဖြင့်တစ်နှစ်လျှင်ဒေါ်လာသန်း ၄၅ဝ အထိ သုံးစွဲရမည်ဖြစ်သည်။
ရီပတ်ဘလီကန်လွှတ်တော်အမတ်များက တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူများအား နှင်ထုတ်ရေးလုပ်ငန်းကို အရှိန်မြှင့်တင်ပေးမည့် အသုံးစရိတ်ဥပဒေကြမ်းတစ်ရပ်အား တင်သွင်းရန်ပြင်ဆင်နေချိန်တွင် အယ်လီဂေတာအယ်လ်ကာထရက်ဇ်ထိန်းသိမ်းရေးစခန်းသို့ အမေရိကန်သမ္မတဒေါ်နယ်ထရန့် သွားရောက်ခဲ့ခြင်း ဖြစ်သည်။
ရိုက်တာ
