1 w - Translate

မြေသယ်ယာဉ်နှင့် ကလေးငယ်တစ်ဦး စီးနှင်းလာသည့်စက်ဘီး ယာဉ်တိုက်မှုဖြစ်ပွား
******************
(ပြည်တွင်း) ဇူလိုင် ၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၄၉ လမ်း၊ ၁၁၄ လမ်းဒေါင့်တွင် မြေသယ်ယာဉ်မှ ကလေးငယ်တစ်ဦး စီးနှင်းလာသည့် စက်ဘီးအား ချိတ်ဆွဲမိရာမှ ကလေးငယ် သေဆုံးသွားကြောင်း သိရသည်။

ယနေ့ နံနက် ၈ နာရီအချိန်ခန့်က မြေသယ်ယာဉ်တစ်စီးသည် မော်တော်ဆိုင်ကယ်များကို ကျော်တတ်ရာ အရှိန်လွန်ပြီး ကလေးငယ်စီးလာသည့်စက်ဘီးကို ချိတ်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဥ်ချိတ်ဆွဲခဲ့မှုကြောင့် စက်ဘီးစီးလာသည့်ကလေးငယ်သည် စက်ဘီးပေါ်မှ ပြုတ်ကျကာ အခင်းဖြစ်ရာတွင် သေဆုံးသွားခဲ့ကြောင်း၊ ထိုမြေသယ်ကားမှာ မောင်းနှင်ထွက်ပြေးသွားကြောင်း၊ သေဆုံးသည့် ကလေးငယ်မှာ အသက်(၁၂) နှစ်အရွယ်ရှိကြောင်း၊ လက်ရှိအချိန်တွင် မိသားစုများထံ စုံစမ်းစစ်ဆေးနေကြောင်း၊ ရုပ်အလောင်းကို မန္တလေးဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

image