1 ပတ် - ဘာသာပြန်ပါ။

ဝက်သား ချဥ်ပေါင်ကြော်
ဟင်းမလိုတော့ဘူး တမျိုးထဲလည်းအဆင်ပြေ😁
ချဥ်ပေါင်.....၂စည်း
ဝက်သား..... ၁၀ကျပ်သားခန့်
ငရုပ်သီးစိမ်း....၁၀တောင့်
ကြက်သွန်နီ..... ၃လုံး
ငါးပိ ...အနည်းငယ်
ဆား....အနည်းငယ်
အရသာမှုန့်.....အနည်းငယ်
ငရုပ်သီးမှုန့်.....၁ဇွန်း
နနွင်းမှုန့်.....အနည်းငယ်
ဆီက ကိုယ့်အိမ်ကမြေပဲစိုက်လို့ ဆီများများနဲ့ကြော်လိုက်တာ😁
ကြော်တာက
အရင်ဦးဆုံး အိုးထဲဆီထည့် နနွင်းမှုန့် ငရုပ်သီးမှုန့် ကြက်သွန်နီ အရင်မွှေ ပြီးရင် ငါးပိထည့်မွှေ ဝက်သားထည့် ဆားအရသာမှုန့်ထည့် မွှေ ချဥ်ပေါင်ခြွေထားတာထည့်မွှေ (ချဥ်ပေါင်နုနေလို့ ရင့်နေရင် အရင်လှော်ထားပေးပါနော် ပြုတ်လည်းရတယ်) ကျက်ခါနီး ငရုပ်သီးစိမ်းထည့် အရသာမြည်း လိုသလိုထပ်ဖြည့်

image