7 ပတ် - ဘာသာပြန်ပါ။

နှစ်တွေအကြာကြီး ... သည်းခံခဲ့ပြီးမှ
ဘာလို့ လက်လွှတ်လိုက်ရတာလဲလို့
မေးတဲ့အခါ
တကယ်တမ်းကျတော့
ကျွန်မ လက်လွှတ်လိုက်တာလဲ မဟုတ်သလို
လမ်းခွဲလိုက်တာလည်း မဟုတ်ဘူး
ကိုယ် ဘယ်လောက်ဆွဲထား ဆွဲထား
ထွက်သွားချင်တဲ့ ခြေထောက်တွေကို
ဘယ် မျက်ရည်နဲ့ တားလို့ရမှာလဲ
အတင်း ရုန်းကန်နေတဲ့
လက်တွေကို
ဘယ်လို စကားလုံးမျိုးနဲ့ တားရမလဲ ။
ရှင်ထွက်သွားခဲ့တဲ့ ကျောပြင်ကို ငေးပြီး
သဘောထားချင်းမတိုက်ဆိုင်လို့
လမ်းခွဲလိုက်ကြတာပါဆိုတဲ့ စကားကို သုံးရတာပါပဲ ။