လူအတော်များများက အခုရှိနေတဲ့နေရာကနေ ပြောင်းလဲလိုက်ရမှာ ကြောက်တတ်ကြတယ် ။ အခုရှိနေတဲ့နေရာက အချိန်တစ်ခုယူပြီး တည်ဆောက်ထားရလို့ ရာထူးတစ်ခုရှိပြီးသားကို နောက်ထပ် အစကနေ ပြန်စရင် အဆင်ပြေပါ့မလား တွေးပူတတ်ကြတာ လူ့သဘာဝဖြစ်ပါတယ် ။ တစ်ခါတုန်းကလည်း မြန်မာပြည်မှာ ဝင်ငွေကောင်းနေတဲ့ အလုပ်ရှိပြီးသားဖြစ်နေတော့ အမေရိကန်မှာ အစကနေပြန်စရမှာ တွေးပူခဲ့ဖူးတယ် ။ အမေရိကန်ရောက်တော့ အချိန်တစ်ခုယူပြီး ခိုင်မာတဲ့ Career တစ်ခုရအောင် လုပ်ခဲ့တယ် ။
အခုအချိန်မှာဆိုရင် ကိုယ့်ဘဝနောင်ရေးအတွက် ပူပင်စရာမလိုတော့ဘူး ။ ပထမဆုံးခြေတစ်လှမ်းစရမှာ ခက်ပေမဲ့
စပြီးသွားရင် ထပ်စဖို့ လွယ်သွားပါပြီ ။ အရင်တုန်းကဆို အလုပ်တစ်ခု လျှောက်လို့ မရခဲ့တာပဲဖြစ်ဖြစ် လွဲချော်သွားတာပဲဖြစ်ဖြစ် စိတ်ထဲအတော်နေမထိထိုင်မသာ ဖြစ်ဖူး တယ် ။ အခုနောက်ပိုင်း “ဩော် ဒီထက်ကောင်းတဲ့ အခွင့်အရေးအလုပ် ရဖို့ဖြစ်လာတာပဲ အကြောင်းဖန်လာတာပဲလို့ပဲ " စိတ်လျှော့ထားလိုက်တယ် ။ စိတ်လည်း အတော်သက်သာရတယ် ။ တကယ်လည်း ဒီထက်ပိုကောင်းတာတွေ ဖြစ်လာခဲ့တာပါပဲ ။ ဒါကြောင့် အစကနေပြန်စရမှာ မကြောက်ပါနဲ့ ။ အခုချိန်မှာ မစခဲ့ရင် နောင်တစ်ချိန်မှာ နောင်တရနေပါလိမ့်မယ် ။
အဓိက အရေးကြီးတာက ခြေလှမ်းစဖို့နဲ့ အခက်အခဲတွေ့ရင် လက်မလျှော့ဘဲ ဆက်လျှောက်ဖို့ပဲ ဖြစ်ပါတယ် ။
ဒီထက်ကောင်းတဲ့ အခွင့်အလမ်းတွေက ကိုယ့်ကို စောင့်ကြိုနေမှာပါ ။

image