(ဝက်ပုန်းရည်ချက်)
*************
ဝက်သားကိုပုံမုန်ချက်သလိုပဲ အနေတော်တုံးရေဆေးပြီး ဆား ပဲငံပြာရည် ဟင်းချိုမှုန့် သကြား ငါးငံပြာရည်နဲ့နယ်ပြီးနှပ်ထားပါ။
ငရုတ်ပုထောင်းဆီသပ်ပြီးဝက်သားများနှင့်ဂျင်းလက်တစ်ဆစ် ကြက်သွန်ဖြူ၅မွှာ ကြက်သွန်နီငါးလုံးကိုအလုံးလိုက်ထည့်ပြီးနူးအောင်ချက်ပါ။ ဝက်သားနူးချိန်မှာကြက်သွန်အနှစ်ရပါမည်။ဝက်သားနူးပြီဆိုလျှင်ပုန်းရည်ကြီးအနှစ်များထည့် `ငပိစိမ်းစား´ ရည်ဖျော်ထည့်၍ အရသာမြည်းကြည့်ပါ အညာဒေသရဲ့နာမည်ကြီး ဝက်ပုန်းရည်ဟင်းရပါပြီ။
