#မုန့်လက်ဆောင်း လုပ်နည်းလေး မေးထားတဲ့သူတွေအတွက် တင်ပေးလိုက်ပြီနော်😋😋 
{ ပါဝင်ပစ္စည်းများ } 
၁။ မွှေးရှယ်ဆန်စိမ်းမှုန့်၂၀၀ ဂရမ် 
၂။ မွှေးကော်မှုန့်၅၀ ဂရမ် 
၃။ ဆွမ်းမွှေးရွက်၆ ရွက် 
၄။ အုန်းနို့အနည်းငယ် 
၅။ အုန်းသီးဆံအနည်းငယ် 
၆။ ရေ ( ထုံးရေကြည်အတွက် )၇၀၀ မီလီ 
၇။ ရေ (ဆွမ်းမွှေးရွက်အတွက်)၅၀၀ မီလီ 
၈။ ထန်းလျက်၃၀ ကျပ်သား 
၉။ ထုံး လက်ဖက်ရည်ဇွန်း ၁ ဇွန်း မောက်မောက် 
~ ကွမ်းစားထုံး ၁ ဇွန်းကို ရေ ၇၀၀ မီလီနှင့် ဖျော်၍ တစ်ည စိမ်ထားရပါမယ် 
~ ဆွမ်းမွှေးရွက် ၆ ရွက်ကို ရေ ၅၀၀ မီလီ ထည့်၍ mixer ( မွှေစက် ) ဖြင့် မွှေပေးပါ။ ပြီးရင် အဖတ်များမပါစေရန် ရေစစ်ထားပါမယ် 
~ ထုံးရေကြည်ကို ယူပါ။ ပြီးရင် ထုံးရည်ကြည် ၂၀၀ မီလီခန့် ဖယ်ထားပါ။ လက်ကျန်ထုံးရည်ကြည်နှင့် ရေ နှစ်ခုပေါင်း ၆၀၀ မီလီ ပြည့်အောင် ဖြည့်ပါ။ 
~ ထို့နောက် ထုံးရည်ကြည်ထဲသို့ ဆန်စိမ်းမှုန့် ၂၀၀ ဂရမ် ထည့်ပါ။ ကော်မှုန့် ၂ ဇွန်းခွဲထည့်ပါ။ မွှေပေးပါ။ ဆွမ်းမွှေးရည် ထည့်ပါ။ မွှေပေးပါ။ 
~ အားလုံးရလျှင် ကျိုပါမည်။။ မီးအသင့်အတင့်ထားပါ။ ဒယ်အိုးထဲသို့ မုန့်ရည်လောင်းထည့်လျှင် ဇကာဖြင့်စစ်၍ လောင်းထည့်ပါ။ 
~ အဆက်မပြတ်မွှေပေးပါ။ ပျစ်လာလျှင် ဖယ်ထားသော ထုံးရည်ကြည် ထည့်ပါ။ ညောင်စေးကျလာလျှင် ရပါပြီ။ 
~ မုန့်လက်ဆောင်းဖတ်ပြုလုပ်ရန်အတွက် ဇလုံတစ်ခုထဲသို့ ရေခဲနှင့် ရေ ထည့်ထားပါ။ 
~ ဇကာပေါက်ပါသော ဇွန်းထဲသို့ မုန့်နှစ်ထည့်၍ အပေါ်မှ တခြားဇွန်းတစ်ချောင်းဖြင့် ဖိပေးပါ။  
( မှတ်ချက် - မုန့်လက်ဆောင်းဖတ်ညှစ်ချရန် ပြုလုပ်ထားသော လက်ညှစ်ဂန်း ဖြင့်လည်း ပြုလုပ်နိုင်ပါသည်။ ) 
"မုန့်လက်ဆောင်းဖတ်ရလျှင် ထန်းလျက်ရည် ၊ အုန်းနို့ရည် ၊ အုန်းသီးဖတ် ၊ ရေခဲ တို့ ထည့်၍ သုံးဆောင်နိုင်ပါသည်"