Jacky Cheung ရဲ့ Goodbye Kiss ကို ဒီရုပ်ရှင်ရဲ့
last scene မှာ သုံးသင့်တယ်။
ကျွန်တော်လက်မခံနိုင်တဲ့ အရာတစ်ခုရှိတယ်။
ချစ်လျက်နဲ့ လမ်းခွဲတာဆိုတာ မရှိနိုင်ဘူးဆိုတာပါ။
တကယ်ချစ်ရင် ဘာပဲဖြစ်နေဖြစ်နေ ရင်ဆိုင်နိုင်ရမှာပေါ့။
ကျွန်တော် ဒီရုပ်ရှင်ကြည့်ပြီးတော့ ချစ်လျက်နဲ့လမ်းခွဲတာကို လက်ခံနိုင်ခဲ့တယ်။ လက်ခံပေးနိုင်တယ်ဆိုတဲ့စကားသုံးရင် ပိုမှန်မလားဘဲ။
တကယ်တော့ ဘဝဆိုတာ မရိုးရှင်းခဲ့ဘူး။
စာအုပ်လေးဖတ်မယ် ဆွေးနွေးမယ်။
ဂိမ်းလေးဆော့မယ်။
ရုပ်ရှင်တွေကြည့်ပြီး ငိုမယ်။ အဲ့ဒီအကြောင်းတွေကို ညလုံးပေါက်စကားတွေပြောကြမယ် ဆိုတာ အသက်ကြီးလာတဲ့အခါ အချိန်တွေ
မပေးနိုင်တော့ဘူး။ ခံစားချက်တွေထက် အခြားအရာတွေ ဦးစားပေးလာခဲ့မိကြတယ်။
အသက်ကြီးလာတော့ တာဝန်ယူမှု တာဝန်ခံမှုတွေကြားမှာ ကျွန်တော်တို့ရဲ့ နှလုံးသားတွေ ပျောက်ဆုံးကုန်ကြတယ်။ ခံစားချက်မဲ့လာခဲ့တာကို သတိမထားမိကြဘူး။
အဲ့ဒါကြောင့်
The Breakfast Club မှာ Allison Reynolds က
When you grow up , your heart dies လို့ ပြောခဲ့တာပေါ့။
ဒါပေမဲ့
ကျွန်တော်ကတော့ မသေခင်အထိ ခံစားတတ်တဲ့နှလုံးတစ်စုံ
မပျောက်မပျက်တည်ရှိချင်နေပြီး
ချစ်လျက်နဲ့ လမ်းခွဲတယ်ဆိုတာ မရှိဘူးဆိုတဲ့ အယူကို
ဆက်လက်ကိုင်စွဲထားတဲ့သူ ဖြစ်ချင်ပါသေးတယ်။
