7 ပတ် - ဘာသာပြန်ပါ။

စစ်ကိုင်းမြိုမှာ ကွန်တိန်နာယာယီကျောင်းဆောင်များဖြင့် စာသင်ကြားပေးနေ
မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် ပျက်စီးသွားခဲ့ရတဲ့ စစ်ကိုင်းမြို့ရှိ ကျောင်းအဆောက်အဦ များ ပြုပြင်တည်ဆောက်နေဆဲကာလမှာ ကျောင်းသား/ကျောင်းသူများကို ကွန်တိန်နာကျောင်းဆောင်များဖြင့် သင်ကြားပေးလျက်ရှိတယ်လို့ သိရပါတယ်။

ငလျင်ကြီးကြောင့် စစ်ကိုင်းမြို့၊ ဇေယျာကွက်သစ်နှင့် ရွာထောင်ရပ်ကွက်များရှိ ပျက်စီးသွားသော အလယ်တန်းကျောင်းခွဲများ၌ ကွန်တိန်နာကျောင်းဆောင်များ ယာယီပြုလုပ်ပြီး ပညာသင်ကြားပေးနေခြင်း ဖြစ်ပါတယ်။

ထိုကွန်တိန်နာကျောင်းဆောင်များကို အာဆီယံ AHA Centre က ထောက်ပံ့လှူဒါန်းထားခြင်းဖြစ်ပြီး ယခုကဲ့သို့ ပညာသင်ကြားပေးနေနိုင်ပြီ ဖြစ်ပါတယ်။

လက်ရှိမှာ ငလျင်လှုပ်ခတ်ပြီးချိန်မှာ သုံးလကျော်ခဲ့ပြီဖြစ်ကာ စစ်ကိုင်းမြို့ပေါ်ရှိ အပျက်အစီးများကို ရှင်းလင်းပြီးစီးသူများရှိပေမယ့် ရှင်းလင်းနေဆဲနေရာများ ရှိနေဆဲ ဖြစ်ပါတယ်။

image