အမြန်လမ်းတွင် အိမ်စီးကားအရှိန်မထိန်းနိုင်သဖြင့် လမ်းဘေးမြောင်းထဲထိုးကျ
********************
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယမန်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်အချိန်ခန့်က အိမ်စီးကားတစ်စီး လမ်းဘေးမြောင်းထဲထိုးကျမှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းထံမှ သိရသည်။ရန်ကုန်-မန္တလေးအမြန်လမ်းမကြီအတိုင်း နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ အမျိုးသား ၃ ဦးမောင်းနှင်လိုက်ပါလာသော SUZUKI CIAZ (အဖြူ)ရောင်အိမ်စီးကားသည် မိုင်တိုင်အမှတ် ၁၁၉/၇ နှင့် ၁၂၀/၀ ကြားအရောက် အရှိန်းမထိန်းနိုင်သဖြင့် လမ်းဘေးမြောင်းထဲသို့ ထိုးကျသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဥ်တိမ်းမှောက်သည့်နေရာသို့ ၅ မိုင်(ဖြူး)အမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ ၁၁၅ မိုင်(ဖြူး)အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း၊ အဆိုပါဖြစ်စဥ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသော အ မျိုးသား ၁ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဖြူးမြို့နယ်ပြည့်သူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
