7 w - Translate

#ပြည်တွင်းသတင်း
◼ ပဲခူးမြို့ ကျောက်ကြီးစုအောက်ချိုင့်ပိုင်းတွင် မြစ်ရေလေးပေခန့်ထိထပ်မံမြင့်တက်
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ကျောက်ကြီးစုအောက်ချိုင့်ပိုင်းတွင်ယနေ့(ဇူလိုင်၂ ရက်) ၌မြစ်ရေဝင်ရောက်မှုမှာ လျော့ကျသွားခြင်းမရှိဘဲ လေးပေခန့်အထိ ပိုမြင့်တက်လာကြောင်း ပဲခူးမြို့အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပဲခူးမြို့ ကျောက်ကြီးစုအောက်ချိုင့်ပိုင်း၌ ဇွန် ၃၀ ရက် ညနေပိုင်းမှစတင်ပြီး ပဲခူးမြစ်ရေ မြင့်တက်လာပြီး အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ကျောက်ကြီးစုရပ်ကွက်၊ ခေါင်းဆေးကျွန်းရပ်ကွက်၊ ရွာသစ်ရပ်ကွက်၊ စက်ပိုင်းရပ်ကွက်၊ ရွှေနံ့သာရပ်ကွက်၊ အိုးလေးစုရပ်ကွက်နှင့်မြို့သစ် (င) ရပ်ကွက် စသည့် အနိမ့်ပိုင်းတွင် ရေ တစ်ပေခန့်အထိဝင်ရောက်ခဲ့ပြီး ဇူလိုင် ၁ ရက်တွင် နှစ်ပေနီးပါခန့်မြင့်တက်လာရာ ယနေ့တွင် လေးပေအထိတက်လာကြောင်း သိရသည်။
"ပဲခူမြို့ ကျောက်ကြီးစု အောက်ချိုင့်ပိုင်းမှာရှိတဲ ဒေသခံတွေကတော့ လက်ရှိအချိန်ထိသူတို့ရဲ့ဆန္ဒနဲ့ ဘယ်သူမှတော့မပြောင်းရွေ့ကြဘူး။ ကျွန်တော်တို့ကတော့သူတို့ပြောင်းရွေ့မယ်ဆို ပြောင်းပေးမလို့ပါ။ ကယ်ဆယ်ရေးစခန်းတွေကလည်းအသင့်ထားရှိပြီးသားပါ။ ဒါပေမဲ့သူတို့ကမပြောင်းဘူးဆိုလိုပါ။ အခုတော့သူတို့ရဲ့အနီးစပ်ဆုံးနေရာမှာအလှည့်ကျတာဝန်ယူပြီး စောင့်ကြည့်ပေးနေပါတယ်"ဟု ပဲခူးမြို့အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မိုးဇလ၏ ယနေ့ နံနက်ထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် ၁ ပေခန့်တွင်ရောက်ရှိနေပြီး ထိုမြစ်ရေသည်နောက် ၂၄ နာရီအတွင်းမြို့၏ စိုးရိမ်ရေအမှတ်ကို ရောက်ရှိနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။
သတင်း - ပိုင်လေး

image