မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာ ဟောထားတယ်။ 
" တစ်ခါတစ်ရံ ကိုယ့်ရဲ့အောင်မြင်ပြည့်စုံမှုကို ဆင်ခြင် 
သင့်သလို တစ်ခါတစ်ရံ ကိုယ့်ရဲ့ပျက်စီးမှုကိုလည်း 
ဆင်ခြင်သင့်တယ် "တဲ့။  
အခြေနေကောင်းတာကိုသာ ဆင်ခြင်ရမှာ မဟုတ်ဘူး။  
အခြအနေ ဆိုးနေရင်လည်းဆင်ခြင်ရမယ်လို့ ပြောတာ။  
ဘာဖြစ်လို့တုန်းဆိုတော့ မဆင်ခြင်ရင် မသိနိုင်ဘူး။  
ဆင်ခြင်မှပဲ သိနိုင်လို့ ဖြစ်တယ်။ 
လူတိုင်းလူတိုင်းလိုက်နာဖို့ ဒီဒေသနာတော်တွေကို  
ဟောခဲ့တာဖြစ်တယ်။ 
ကိုယ့်ကိုကိုယ် တကယ်ချစ်တယ်ဆိုရင် ကိုယ့်ကိုကိုယ် 
နစ်အောင်မလုပ်ပဲ ကိုယ့်ကိုကိုယ် ထိန်းသိမ်းစောက့်ရှောက် 
ရမယ်။ အရွယ်သုံးပါး တစ်ပါးပါးမှာ ကိုယ့်ကိုကိုယ် ဧကန် 
ပြုပြင်ကြရမှာ ဖြစ်တယ်။ မပြင်ဘူးဆိုရင် ဘဝမှာနစ်မွန်း 
သွားနိုင်တယ်လို့ မြတ်စွာဘုရားက ဟောတာ။ 
မြတ်စွာဘုရားလက်ထက်တုန်းက ကိုယ့်ကိုကိုယ် 
မပြင်နိုင်လို့ နစ်မွန်းသွားတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ 
အခြေအနေကောင်းတွေဆိုတာ အမြဲတမ်းရှိနေမှာ 
မဟုတ်ဘူး။ လူတိုင်းလူတိုင်းမှာ အခြေအနေကောင်းတွေ 
ရောက်ရှိလာနိုင်တယ်။  
ဒါပေမယ့် အဲဒီကောင်းမြတ်တဲ့အခြေအနေလေးတွေဟာ 
မထ်ိန်းသိမ်းဘူးဆိုရင်ပျက်စီးသွားနိုင်တယ်ပေါ့။ 
လူတိုင်းလူတိုင်းသည် မိမိတို့ရရှိလာတဲ့ဘဝတစ်ခုကို 
ကောင်းအောင် မပြင်ဘူးဆိုရင် ဘဝမှာနိမ့်ကျပြီး မလှမပ 
အခြေအနေမျိုး ရောက်သွားနိုင်တယ်။ 
လောကမှာ ကိုယ့်ဘဝကိုယ်ပြုပြင်ပြီး " သတိသမ္ပဇည " 
တရားရှေ့ထား ပွားများအားထုတ်သွားကြတဲ့ ပုဂ္ဂိုလ်တွေသာ 
ထူးခြားတဲ့ပုဂ္ဂိုလ်တွေ ဖြစ်သွားကြတယ်။ 
ဘုရားအလောင်းတော်တွေဆိုတာ ကိုယ့်ဘဝ ကိုယ်ပြင် 
လို့ ထူးခြားတဲ့ အောင်မြင်မှုရပြီး ဘဝမှာအထက်တန်းကျကျ 
နေသွားကြရတယ်။  
နောက်ဆုံးမှာ ဘဝဒုက္ခတွေရဲ့ ချုပ်ငြိမ်းရာနိဗ္ဗာန်ကို  
မျက်မှောက်ပြုသွားနိုင်ကြတယ်ပေါ့။  
ဒါကြောင့်မို့ …… 
ကိုယ့်ဘဝကိုယ်ပြင်ဖို့ဆိုတာအင်မတန်မှ အရေးကြီးတယ်။ 
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် 
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ