7 ပတ် - ဘာသာပြန်ပါ။

“ ငါ့မှာ မွေးကတည်းက အပေါ်ရှေ့သွားလေးချောင်းအပိုပါလားတယ်

အဲ့တာကြောင့် သူများတွေထက် အသံကျယ်ကျယ်ပိုအော်နိုင်တယ်လေ ”

ကမ္ဘာကျော် "Queen" အဖွဲ့ကြီးရဲ့ ပဲ့ကိုင်ရှင် Freddie Mercury အကြောင်းကိုရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်လေးတစ်ခုကို ဒီနေ့အတွက် ပြောပြချင်ပါတယ်။အော်စကား လေးခု အထိ ရရှိထားတဲ့ ရုပ်ရှင်တစ်ခုမလို့ ကြည့်ရကျိုး နပ်စေမယ့် ရုပ်ရှင်ဖြစ်ပါတယ်။

ဇတ်လမ်းကတော့ Frrokh Bulsara ဆိုတဲ့လူငယ်လေးရဲ့ ဘ၀ဇာတ်ကြောင်းပဲဖြစ်ပါတယ်။Freddie Mercury ဆိုတဲ့နာမည်ဖြစ်မလာခင် သူ့မိဘတွေပေးထားတဲ့ နာမည်ဖြစ်ပါတယ်။Frrokh က ဂီတကို အရမ်းရူးသွပ်ပါတယ်။သီချင်းတွေ ရေး၊ဆို လုပ်ပြီး ဖျော်ဖြေပွဲတွေလိုက်ပါတယ်။ဒါပေမယ့် သူမိဘတွေကတော့ ဒါတွေကို သိပ်မသဘောကျလှပါဘူး။ဒီလို မိဘတွေနဲ့ပါ ဆန့်ကျင့်နေတဲ့ Frrokh ရဲ့ဘ၀ကို ကံကြမ္မာက အဆိုတော်မရှိတဲ့ တီးဝိုင်းတစ်ခုနဲ့တွေ့ဆုံပေးပြီး ပြောင်းလဲပေးလိုက်ပါတယ်။ဇာတ်လမ်းအကျုံးကတော့ ဒီလောက်ပါဘဲ။R and Roll ဂီတက တစ်ခတ်ဆန်းစေအောင် လုပ်ဆောင်ပေးခဲ့တဲ့ Farrokh ရဲ့ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေ ၊ ပြသနာတွေ သူဘယ်လိုကြိုးစားဖြစ်ကျော်ရင်း နာမည်ကြီး Queen အဖွဲ့ရဲ့ ပဲ့ကိုင်ရှင်ဖြစ်လာသလဲဆိုတာကို စိတ်၀င်တစားကြည့်ရှုရမှာဖြစ်ပါတယ်။

ဒီ ရုပ်ရှင်ရဲ့ နာမည်ကတော့ Queen အဖွဲ့ရဲ့ ကမ္ဘာကျော်သီချင်းတစ်ပုဒ်ရဲ့နာမည်ဖြစ်ပါတယ်။အဲ့တာကြောင့် စိတ်ဓာတ်ကျနေလို့ပဲဖြစ်ဖြစ် အားယူစရာ တစ်ခုခုလိုအပ်နေတယ်ဆိုရင် "Bohemian Rhapsody(2018)” ကို ကြည့်ရှုခံစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

image