ဒီနေ့အတွက်ကဝောာ့ 2012 ခုနှစ်ကထွက်ရှိထားပြီး IMDb 7 ရထားတဲ့ ရုပ်ရှင်တစ်ခုကိုပြောပြချင်ပါတယ်။မင်းသား Bradley Cooper သရုပ်ဆောင်ထားပြီး ရုပ်ရှင်ထဲက character နဲ့လည်း အတော်လေး လိုက်ဖက်လွန်းပါတယ်။
ဇာတ်လမ်းကတော့ စာရေးဆရာ တစ်ယောက်အကြောင်းကို ရိုက်ကူးပြသထားပါတယ်။စာရေးစရာတစ်ယောက် သူရေးတဲ့ စာမူတွေကို ဘယ်အယ်ဒီတာကမှ လက်မခံချင်ကြပါဘူး။တစ်နေ့ လက်ဆွဲအိတ်ထဲက စာမူဟောင်းလေးတစ်ခုကို မြင်တော့ ဖတ်ကြည့်ပြီး အယ်ဒီတာကို ပြတော့လည်း သဘောကျတော့ သူ့စာမူကို လက်ခံလိုက်ပါတယ်။အဲ့စာမူက အတော်လေးအောင်မြင်လာပြီး စာရေးဆရာ Rory လည်းနာမည်ကြီးလာပါတယ်။တကယ်တမ်းတော့ သူတွေ့ခဲ့တဲ့ စာမူက သူကိုယ်တိုင်ရေးထားတဲ့ စာမူမဟုတ်ပါဘူး။ငယ်ငယ်ရွယ်ရွယ် နဲ့ စာရေးဆရာ တစ်ယောက် သူကိုယ်တိုင်မရေးတဲ့ စာမူနဲ့ အောင်မြင်လာတော့ သူအတွက် ရင်ဆိုင်လာရမယ့် အရာတွေ ရှိနေပါတယ်။စာမူရေးတဲ့သူကရော ဘယ်သူလဲ Rory လည်း ဘာတွေကို ရင်ဆိုင်ရမလားဆိုတာကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။
Rory တစ်ယောက် အကုန်လုံးကို ပြန်အဆင်ပြေအောင် ကြိုးစားနေတဲ့ ပုံစံကလည်း ကြည့်နေတဲ့သူတွေအတွက်ပါ အသက်ရှု ကြပ်လှပါတယ်။မင်းသားမင်းသမီးတွေ ရဲ့ ကောင်းမွန်လွန်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့် "The Words (2012)"က ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ဖြစ်တာမလို့ ကြည့်ရှုခံစားဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။
