7 ပတ် - ဘာသာပြန်ပါ။

“ ကျွန်မ ရှင့်ကိုချစ်ပါတယ် ၊ ဒါပေမယ့် ရှင့်က ကျွန်မအတွက်မဟုတ်ဘူး ”

ဒီနေ့အတွက်ကတော့ Romance Horror Animation ကားကောင်းလေးတစ်ကားကို ကြည့်ရှုဖို့အတွက် တင်ဆက်ပေးချင်ပါတယ်။IMDb မှာလည်း 7.4 ထိရရှိထားတဲ့ ကားကောင်းလေးတစ်ခုဖြစ်ပြီး တေးသီချင်းတွေ၊အချစ်ကိုပုံဖော်တာတွေက Animation ရုပ်ရှင်တစ်ခုထပ်ပိုလွန်းနေတာမလို့ ကြည့်ရကျိုးနပ်စေမယ့် ရုပ်ရှင်လေးဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ Victorian ရွာမှာ ဆွေစဉ်မျိုးဆက်ချမ်းသာလာခဲ့ပေမယ့် အထည်ကြီးပျက်ဘ၀ရောက်တော့မယ့် လူကုန်ထံမိသားတစ်ခု နှင့် လူကုန်ထံမိသားစုမဟုတ်ပေမယ့် ငါးရောင်းရင်း ချမ်းသာလာတဲ့ မိသားစုတစ်စုရှိပါတယ်။သူတို့မိသားစုတွေစီမှာ Victoria ဆိုတဲ့ကောင်မလေး နှင့် တစ်ဦးတည်းသော သား Victa တို့ရှိကြပြီး သူတို့ရဲ့ လိုအပ်နေတဲ့ ကွက်လပ်တွေအတွက် သားသမီးချင်း လက်ထပ်ထိမ်းမြှားပြီး ဖြည့်ဆည်းဖို့ သဘောတူလိုက်ကြပါတယ်။ဒီလိုနဲ့ တစ်ခါမှ မမြင်ဖူး မတွေ့ဖူးကြတဲ့ Victa နှင့် Victoria တို့က လက်မထပ်ချင်ကြပေမယ့် မိသားစုကို မလွန်ဆန်နိုင်ကြတာမလို့ လက်ထပ်ပွဲအတွက် အစမ်းလေ့ကျင့်ကြရပါတယ်။အဲ့ဒီမှာ ကောင်လေး Victa က အစမ်းမှာကို ခနခနမှားနေတဲ့အတွက် တကယ့်လက်ထပ်ပွဲမှာ အဆင်ပြေဖို့အတွက် အစမ်းကို အဆင်ပြေချောမွေ့အောင်ထိ လေ့ကျင့်ရတော့မှာဖြစ်ပါတယ်။ဒါကြောင့် Victa တစ်ယောက် တောထဲကို တစ်ယောက်တ်ည်းထွက်လာခဲ့ပြီး အစမ်းလေ့ကျင့်နေရင်း သူရဲ့ လေ့ကျင့်‌နေတဲ့ လက်ထပ်ခွင့်စကားကြောင့် ချစ်သူပြန်အလာကို စောင့်စားရင်း‌ သေဆုံးသွားတဲ့ Amali ဆိုတဲ့ မိန်းကလေးက သေရွာကနေ နိုးထလာခဲ့ပါတယ်။နောက်တော့ ကောင်လေး Victa ကသေရွာက Amali နဲ့လက်ထပ်လိုက်ရပြီး သေရွာကိုမှ လိုက်သွားခဲ့ရပါတယ်။တစ်ဖက်က လက်ထပ်မယ့်သူ့ကိုစောင့်နေရတဲ့ Victoria ကိုလည်း မိသားစုက နောက်ထပ် ကောင်လေးတစ်ယောက်ကို အရန်စီစဉ်ပါတော့တယ်။အရန်ကောင်လေးကလည်း တကယ်တော့ Amali ရဲ့ ချစ်သူဖြစ်ပြီး သူက စည်းစိမ်တွေကိုယူပြီး တောထဲမှာ စောင့်ခိုင်းရင်း Amili ဟာလည်း စောင့်မျှော်ရင်းသေဆုံးသွားခဲ့တာဖြစ်ပါတယ်။အခုလည်း Victoria ရဲ့ စည်းစိမ်တွေကိုလိုချင်လို့ အရန်အဖြစ်ရှိနေခဲ့တာဖြစ်ပါတယ်။တစ်ဖက်က သေရွာကို ပါသွားတဲ့ Victa နှင့် သေရွာက Amali တို့နှစ်ယောက်ရဲ့ အချစ်နှောင်ကြိုးလေးတွေက ငြိတွယ်သွားကြမလား... လူ့ဘ၀က ကောင်မလေးနဲ့ တမလွန်ဘ၀က ကောင်မလေးတို့ ပေါင်းဆည်းနိုင်ပေါ့မလား... Victa ပြန်မလာလို့ အရန်ထားတဲ့ကောင်လေးနဲ့ Victoria တစ်ယောက် လက်ထပ်သွားမလား... ဒါတွေကို ရုပ်ရှင်ထဲမှာ စီးမျော်လိုက်ပါ ကြည့်ရှုရမှာဖြစ်ပါတယ်။

အချစ်တစ်ခုကို အလှပဆုံး ပုံဖော်ပြသသွားတဲ့ ကာတွန်းရုပ်ရှင်လေးတစ်ခုဖြစ်ပြီး ရုပ်ရှင်လေးကြည့်ရင်း ဘေးနားမှာ တစ်ရှူးလေးဆောင်ထားဖို့တော့ အကြံပေးချင်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် တစ်ခေါက်လောက်တော့ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်လေးတစ်ခုလို့ မြင်မိတာကြောင့်မလို့ 2005 ခုနှစ်ထွက် “Corpse Bride” ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

image