#ဒုက္ခသိမှ_ဒုက္ခဆုံးချင်စိတ်ရှိမှာ
======================
လူ့ဘုံက ...
သုဂတိဘုံဆိုပေမယ့် ...
ဘဝရှိရင် ဒုက္ခရှိမှာပဲ။
ဒုက္ခမသိသေးလို့ ...
သုခမျှော်နေတာ။
ဒုက္ခမရှိရင် ...
ဒုက္ခမရှိ ... ဒုက္ခရှာဆိုတာ
ဒုက္ခကိုလိုချင်နေတာ။
ဒုက္ခသိမှ ...
ဒုက္ခဆုံးချင်စိတ်ရှိမှာ။
ဒုက္ခသိချင်ရင် ...
ကိုယ့်ကိုယ်ကို
ပြန်ကြည့်လိုက်စမ်းပါ။
ဒုက္ခဆုံးချင် ...
လောကကဆုံးချင်ရင်
အတွင်းလမ်းက
သွားကွ ဆိုတာ
ကိုယ့်ကိုယ်ကို
ပြန်ကြည့်ခိုင်းနေတာ။
ဘဝဆုံးရာ ...
ဒုက္ခဆုံးရာ ... သွားပါဆိုတာ
ရိပ်သာ အတင်းဝင်ခိုင်းနေတာ
မဟုတ်ပါဘူး။
တောထွက်ခိုင်းနေတာ
မဟုတ်ပါဘူး။
ကိုယ့်ကိုကိုယ်
ပြန်ကြည့်ခိုင်းရုံလေးပါ။
ဈေးရောင်းတဲ့ သူကလည်း ...
ရောင်းမြဲ ရောင်းရင်း ...
ကိုယ့်ကိုကိုယ်
ပြန်ကြည့် စမ်းပါ။
ရုံးသွားတဲ့သူ ...
လယ်ထွန်တဲ့သူ ...
ဘယ်သူပဲဖြစ်ဖြစ်ဗျာ
ကိုယ့်အလုပ် ကိုယ်လုပ်ရင်း
ကိုယ့်အကြောင်း
ကိုယ် သိအောင်
သတိလေးနဲ့
ကြည့်ပေးစမ်းပါ။
သညာက ...
သူ့အလုပ်သူလုပ်နေမှာပဲ။
လုပ်ပါစေ။
ဈေးရောင်း ...
ထမင်းချက် ...
ရုံးသွားပါစေ။
တို့က ... သညာလုပ်သမျှ ...
လိုက်မှတ် ပေးနေရမှာ။
မှတ်တာရယ် ...
ကြည့်တာရယ် ...
ရှူတာရယ် ...
အခေါ်သာကွဲတာ ...
အတူတူပဲ။
သတိရဲ့အမည်တွေပဲ။
ဒီတော့ ... မှတ်ပါ။
အလေ့အကျင့် မရခင် ...
ခက်ချင်ခက်နေပါလိမ့်မယ်။
မှတ်ပါများတော့ ...
အထူးကြောင့်
ကြစိုက်နေစရာ
မလိုတော့ပါဘူး။
လုပ်တာနဲ့ ... မှတ်ပြီးသား။
အမှတ်မရှိရင် ...
အတွေးဝင်မှာပဲ။
အဲဒီ့အတွေးက ...
ဒုက္ခ ပေးနေတာ။
ဒုက္ခ တစ်ကျပ်သားမှာ ...
သုံးမတ္သားက ...
တွေးလို့ဖြစ်နေတာ။
တကယ်ပက်ပင်းကြုံရတဲ့
ဒုက္ခက ...
တစ်မတ်သားပဲရှိတာ။
နောက်ကြောင်းပြန်
တွေးလို့ဖြစ်တဲ့ ...
ဒုကခွက ... ငါးမူးသား။
ရှေ့မျှော်တွေးလို့ ဖြစ်တဲ့
ဒုက္ခက ...
တစ်မတ်သား။
ပက်ပင်းကြုံ ဒုက္ခ
တစ်မတ်သားမျိုးကတော့
လူတွေပုထုဇဉ်တွေမှ
မဟုတ်ပါဘူး။
ဘုရား ရဟန္တာများသော်မှ
ခံရပါတယ်။
အဲဒါဘာလဲ
လောကဓံ။
ဒါပေမယ့် ...
ဒီဒုက္ခ တစ်မတ်သား
ခံရတာချင်း အတူတူ
ဘုရား ရဟန္တာများကျတော့
မတုန်မလှုပ် ...
ကျော်နိုင်တော်မူကြတယ်။
ငုတ်မှန်း ...
ခလုတ်မှန်း သိတော့
ကျော်နိုင်တာပေါ့။
လူတွေကျတော့ ...
ငုတ်မှန်း ...
ခလုတ်မှန်းမသိတော့
ဒုက္ခကို ...
ဝင်တိုက်မိကြတယ်။
ဒုက္ခကို လုပ်လိုက် ...
မိတ်ဆွေဖွဲ့လိုက်နဲ့ ။
ကိုယ့်ကိုယ်ကို ...
ကြည့်ရှု မှတ်စိတ်ကလေးနဲ့
နေတဲ့ ပုဂ္ဂိုလ်သာ
ဒီဒုက္ခ တစ်မတ်သားကို ...
ကျော်နိုင်တယ်။
ဒုက္ခလမ်းဆုံးသွားဖို့ ...
သတိက ...
သမထ ပိုင်းကို ...
တာဝန်ယူပါတယ်။
သမထက ... ငြိမ်းတာ
မှတ်ပါများလာရင်
သိစရာရှိတာ ...
သိလာပါလိမ့်မယ်။
သိလာတာ ... ဝိပဿနာပဲ။
အသိကို ... ဝိပသနာက ...
တာဝန်ယူပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

image