Specs တွေကတော့ မိုက်နေပြီ 👀
.
Nothing ကနေ မနက်ဖြန် ဇူလိုင်လ (၁) ရက်နေ့မှာ Nothing Phone (3) အပြင် ပထမဆုံးသော Headphone အသစ် - Nothing Headphone (1) ကိုပါ မိတ်ဆက်တော့မှာဖြစ်ပါတယ်။
အခုဆိုရင် Nothing Headphone (1) ရဲ့ Specs တွေကို အသေးစိတ်သိလာရပြီ။ Audio ပိုင်းအတွက် 40mm Dynamic Driver တွေကို သုံးထားမယ့်အပြင် KEF ကနေ Sound Tuning လုပ်ထားမယ်။ Adaptive Bass Enhancement ဆိုတော့ Bass ကိုပါ သီးသန့် Control လုပ်နိုင်လောက်တယ််။ Spatial Audio တွေ၊ Custom EQ တွေကို Support လုပ်မယ်။
Audio Codec ပိုင်းမှာလည်း AAC | SBC နဲ့ Hi-Res Audio - LDAC တွေကို သုံးလို့ရမယ်။ Battery က 1040mAh Battery ပါပြီး ANC ဖွင့်သုံးရင် AAC နဲ့ဆို 35Hr | ANC ပိတ်ရင် 80Hr အထိ နားထောင်နိုင်မယ်။ LDAC နဲ့ နားထောင်ရင်တော့ ANC နဲ့ဆို 30Hr | ANC ပိတ်ရင် 54Hr ပဲရမယ်။ Fast Charging လည်း ရမယ်ဆိုပဲ။
ပြီးတော့ တခြား Feature တွေ - နားပေါ်တပ်လိုက်ရင် သိနိုင်တဲ့ On-head Detection တို့၊ Dual Connection ၊ Low Lag Mode | Personal Sound Profile တွေ၊ Google Fast Pair နဲ့ Microsoft Swift Pair တွေကိုလည်း Support လုပ်မယ်။
ဘာပဲဖြစ်ဖြစ် အခု Nothing Headphone (1) က Sony WH-1000XM6 လို Flagship ANC Headphone တွေနဲ့ Specs ယှဥ်လို့ရပေမယ့် Sony လို ANC အတွက် ဘာ Processor သုံးထားတာ၊ Mic ကို ဘယ်လောက်သုံးပေးထားတယ်ဆိုတာမျိုးတော့ Mention လုပ်ထားတာ မတွေ့မိသေးဘူး။
ဆိုတော့ စျေးက $299 လောက်နဲ့ဆိုရင် တကယ်တမ်း ANC Headphone တစ်လုံးအနေနဲ့ တကယ်ကောင်းမလား... Design ပဲ ကွဲထွက်ပြီး Unique ဖြစ်နေတာပဲ ရှိမလားပဲ 👀
