သင့်ရဲ့အိပ်မက်တွေကို လက်တွေ့ဖြစ်လာဖို့ လုပ်ဆောင် ရမယ့် နည်းလမ်းငါးချက်ကို ဖော်ပြပေးလိုက်ပါတယ် ။
၁။ Smart Goal (တိကျသေချာတဲ့ပန်းတိုင်တစ်ခု ချမှတ်ပါ)
အိပ်မက်တွေကို လက်တွေ့ဖြစ်ဖို့အတွက် ပန်းတိုင်ချမှတ်ရပါမယ် ။ ပန်းတိုင်ချမှတ်လိုက်တဲ့အခါ အိပ်မက်က လက်တွေ့ဖြစ်လာပါပြီ ။ ပန်းတိုင်ချမှတ်တဲ့အခါ Smart Method အတိုင်းချမှတ်ပါ ။ Goal ပန်းတိုင်ဆိုတာ ကိုယ်ရောက်ချင်တဲ့နေရာတစ်ခုကို ရောက်ဖို့အတွက် နေရာသတ်မှတ်ခြင်းပါ ။
၂။ Objective (ရည်ရွယ်ချက်ချမှတ်ပါ)
သင့်ရဲ့အိပ်မက်ကဘာလဲ ။ ဘာကြောင့် ဒီအိပ်မက်ကိုလိုချင်ရတာလဲ ဆိုတဲ့ ရည်ရွယ်ချက်ကို တိတိကျကျချမှတ်ပါ ။ ရည်ရွယ်ချက်မရှိရင် ဘယ်အရာမှ မအောင်မြင်နိုင်ပါဘူး ။ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တဲ့အခါ သင်လိုချင်တာ ရနိုင်ပါတယ် ။ သင့်အိပ်မက်အတွက် ရည်ရွယ်ချက်ချမှတ်ပြီးရင် လက်တွေ့ရယူပါ ။
၃။ Burning Desire (ပြင်းပြတဲ့လိုအင်ဆန္ဒရှိခြင်း)
သင့်ရဲ့အိပ်မက်တွေကို အမှန်တကယ် ပိုင်ဆိုင်ချင်တယ်ဆိုရင် သင့်မှာ ပြင်းပြတဲ့ လိုအင်ဆန္ဒရှိရပါမယ် ။ အိပ်မက်ရှိပြီး လိုချင်စိတ်မရှိရင် စိတ်ကူးယဉ်သမားဘဝနဲ့ပဲ အချိန်ကုန်သွားမှာပါ ။ အိပ်မက်တော့ရှိတယ် ။ အဲဒီအိပ်မက်ကို ရယူချင်စိတ်မရှိရင်လည်း မရပါဘူး ။ အချိန်တန်ရင် ရမှာပဲဆိုပြီး ထိုင်စောင့်နေလို့ မရပါဘူး ။ ပြင်းပြတဲ့လိုအင်ဆန္ဒရှိမှ အဲဒီအိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ တွန်းအားရှိမှာပါ ။ ဒါကြောင့် သင့်ရဲ့အိပ်မက်အတွက် Burning Desire ရှိအောင်လုပ်ပါ ။
၄။
၅။
