လူတွေဟာ ပြောင်းလဲတတ်ကြပါတယ် ။ တော်တော်များများက မေးတတ်ကြတယ် ။ ကိုယ့်ကို အရမ်းချစ်ခဲ့တဲ့လူက ပြောင်းလဲသွားနိုင်လို့လား ။ ကိုယ့်ကို အရမ်းခင်ခဲ့တဲ့ သူငယ်ချင်းက ပြောင်းလဲသွားနိုင်လို့လား... စသဖြင့် မေးတတ်ကြတယ်။
ဟုတ်ကဲ့ ။ လူတွေက ပြောင်းလဲတတ်ကြပါတယ် ။ ဘယ်လောက် ချစ်ခဲ့တဲ့လူဖြစ်ဖြစ် ကိုယ့်အပေါ် အချစ်တွေ ကုန်သွားတဲ့နေ့ဆိုတာ ရှိတတ်တယ် ။ ဘယ်လောက်ကောင်းတဲ့ မိတ်ဆွေဖြစ်ပါစေ ။ ကိုယ့်အပေါ် မကောင်းချင်တော့တဲ့ ၊ မကောင်းနိုင်တော့တဲ့ အချိန်အခါဆိုတာ ရောက်လာတတ်ပါတယ် ။
ဒီလိုလူတွေ ပြောင်းလဲသွားကြတာဟာ ကျွန်တော်တို့ရဲ့ သူတို့အပေါ် ပြုမူဆက်ဆံတတ်တဲ့ ပုံစံတွေကြောင့်လည်း ဖြစ်နိုင်သလို ကျွန်တော်တို့ကြောင့်မဟုတ်ဘဲ သူတို့ဘာသာ စိတ်ပြောင်းလဲသွားကြတာလည်း ဖြစ်နိုင်ပါတယ် ။
ချစ်တိုင်းလည်း အနိုင်မယူရဘူး ။ ကိုယ့်အပေါ် ကောင်းတိုင်း ၊ လိုက်လျောတိုင်းလည်း ရောင့်မတက်ရဘူး ။ သူကတော့ ငါ့အပေါ် ကောင်းနေတာပဲ ။ ငါဘာလုပ်လုပ် သည်းခံရမှာပေါ့ ။ သူပြောတော့ ငါ့ကို ချစ်တယ်ဆို ။ ငါဘာလုပ်လုပ် ချော့ရမှာပေါ့ဆိုရင်တော့ ကြာလာရင် တစ်ဖက်ကလည်း စိတ်ကုန်စိတ်ပျက်သွားနိုင်ပါတယ် ။ ဒါကြောင့် ချစ်ရင် ဘာလုပ်လုပ် သည်းခံရမှာပေါ့ ။ သည်းမခံရင် မချစ်လို့ပေါ့လို့ ကလေးဆန်ဆန် မတွေးပါနဲ့တော့ ။
ဒါပေမဲ့ ကျွန်တော်တို့ကြောင့် မဟုတ်ဘဲလည်း သူတို့က ပြောင်းလဲတတ်ပါတယ် ။ အရာအားလုံးမှာ Expired date ဆိုတာ ရှိပါတယ် ။ ဒါဟာ လောကရဲ့ ဖြစ်စဉ် ၊ လူတွေရဲ့ ဖြစ်စဉ်ပါ ။ ကျွန်တော်တို့ဘဝမှာ ဒါမျိုးတွေဟာ ကြုံရမှာပါ။
တချို့က ပြောကြတယ် ။ ပြောင်းလဲသွားတယ်ဆိုတာ တကယ်မချစ်လို့ပေါ့တဲ့ ။ လက်တွေ့ဘဝမှာတော့ နှစ်တွေ အကြာကြီး ကိုယ့်အပေါ်ဖူး ဖူးမှုတ်ခဲ့ ၊ ကိုယ်မှကိုယ် ဖြစ်ခဲ့ပြီးတာတောင် ပြောင်းလဲသွားတဲ့ လူတွေလည်း ရှိပါတယ် ။ (နှစ်တွေနဲ့ချီပြီးတောင်မှနော်)
ဒါကြောင့် မချစ်ခဲ့တာလား ??? တကယ်ခံစားချက်မစစ်မှန်ခဲ့တာလား ဆိုတာထက် တကယ်တော့ အချစ်တွေ ကုန်သွားတာ ဖြစ်နိုင်ပါတယ် ။ ကိုယ် ချစ်ရတဲ့ ၊ ကိုယ့်ကို ချစ်တဲ့သူ ပြောင်းလဲသွားတဲ့အခါ ကိုယ်က သူ့အပေါ် ကောင်းရက်နဲ့ ပြောင်းလဲသွားရင်တော့ လက်ပိုက်သာ ကြည့်နေပါတော့ ။
လူတွေက ပြောင်းလဲတတ်ကြပါတယ် ။ ဒီစကားလေးကို မှတ်ထားပါ ။ ဘဝမှာ အပြောင်းအလဲတွေ ကြုံရတဲ့အခါ ဒီစကားလေးနဲ့ လူတွေရဲ့ အလေ့အထဟာ ဒီလိုရှိကြောင်း တွေးပြီး ဖြေသိမ့်နိုင်ကြပါစေ ။
#nayvel #နေဗလ် #ဒီနေ့အတွက်ရှင်သန်ခြင်း

image