အသက် ၂ဝ မှ ၃ဝ နှစ်အတွင်း လူငယ်တွေအတွက် အကြံပြုချက် ၁ဝ ခု
၁။ အကြွေးတွေကို ရှောင်ပါ ။
၂။ သူငယ်ချင်းတွေကို သေချာရွေးချယ်ပေါင်းပါ။
၃။ ဒုတိယဝင်ငွေရအောင် ဖန်တီးပါ။
၄။ အောင်မြင်သူတွေနဲ့ ပေါင်းသင်းအတုယူပါ။
၅။ Budget တွက်ပြီး အသုံးစရိတ်ကို ချင့်ချိန်သုံးပါ။
၆။ တီဗီလျှော့ကြည့်ပြီး စာအုပ်များများဖတ်ပါ။
၇။ ဝင်ငွေရဲ့အနည်းဆုံး ၁ဝ ရာခိုင်နှုန်းကို ရင်းနှီးမြှုပ်နှံပါ။
၈။ အသက် ၄ဝ နှစ်အရွယ်မှာ ငွေကြေးအတွက် စိတ်ပူစရာမရှိရအောင် Financial Freedom အစီအစဉ်ချမှတ်ပါ။
၉။ ငွေကို ကပ်စေးနှဲမနေဘဲ သုံးစရာရှိတာသုံးပြီး မိမိကိုယ်ကို ရင်းနှီးမြှုပ်နှံခြင်းဖြစ်ဖို့ အရေးကြီးပါတယ်။
၁ဝ။ အချိန်က တန်ဖိုးအရှိဆုံးအရာဖြစ်တာမို့ အလဟဿမဖြုန်းတီးလိုက်ပါနဲ့ ။
လက်ရှိဘဝအခြေအနေ၊ လက်ရှိလုပ်နေရတာတွေကို မကြိုက်ဘူး၊ ပြောင်းပစ်ချင်တယ်၊ ပိုတိုးတက်ချင်တယ်ဆိုရင် မိမိကိုယ်ကို အစကနေ ပြန်လည်တည်ဆောက်လို့ရပါတယ်။
ကိုယ့်ကိုယ်ကိုယ်ပြန်လည်တည်ဆောက်တာက အလုပ်အကိုင် Career အတွက် ဖြစ်နိုင်သလို အချစ်ရေး ၊ အိမ်ထောင်ရေး Relationship ၊ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့တာတွေကို ပြန်လည်ကုသဖို့လည်း ဖြစ်နိုင်ပါတယ်။
မိမိကိုယ်ကို ပြန်လည်တည်ဆောက်ဖို့ ပထမအရေးကြီးဆုံးက မိမိကိုယ်ကိုယုံကြည်မှုရှိဖို့ပါ။ အသက်ငယ်မှ ကြီးမှ မဟုတ်ပါဘူး။ တချို့တွေက အသက် ၅၀၊ ၆၀ မှ ဘဝမှာ ပြောင်းလဲချင်လို့ လုပ်ကြတဲ့သူတွေလည်း ရှိပါတယ်။ မိမိကိုယ်ကို အစကနေ ပြန်စဖို့၊ ပြောင်းလဲဖို့ တချို့က လပိုင်းပဲကြာမြင့်ပေမဲ့တချို့က နှစ်နဲ့ချီ ကြာမြင့်နိုင်ပါတယ်။ စိတ်ရှည်ပြီး ဇွဲရှိဖို့က အရေးကြီးဆုံးအချက်ပါ။
စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိခဲ့တဲ့သူတွေဆိုရင် မိမိကိုယ်ကို ဂရုစိုက်ပြီး Self-care Practice လုပ်ဖို့၊ မိမိစိတ်ပျော်ရွှင်တာတွေလုပ်ဖို့၊ နားလည်တတ်ကျွမ်းတဲ့ Professional တွေ၊ ယုံကြည်ရတဲ့ သူငယ်ချင်းမိတ်ဆွေတွေ၊ Support Group တွေလိုပါတယ်။ တိုးတက်ပြောင်းလဲချင်တဲ့သူတွေကတော့ သင်ယူမှုအသစ်တွေ ပြုလုပ်ရပြီးအမူအကျင့်ဟောင်းတွေဖျောက်ဖို့ လိုပါလိမ့်မယ်။ အောင်မြင်တဲ့သူတွေအကြောင်း ဖတ်ပါ။ Podcast တွေနားထောင်ပါ။ Seminar တွေတက်ပြီး Inspire ယူပါ။
ပြောင်းလဲမှုတွေလုပ်တဲ့အခါမှာ အားပေးစကားပြောပေးတတ်တဲ့၊ နားလည်မှုရှိတဲ့ ပတ်ဝန်းကျင်၊ အောင်မြင်မှုရလာတဲ့အခါ လက်ခုပ်တီးအားပေးတတ်တဲ့ သူငယ်ချင်းမိတ်ဆွေမျိုး၊ အခက်အခဲတွေ့တဲ့ အခါ နှစ်သိမ့်ပေးတဲ့ မိသားစုဝင်၊ အကြံဉာဏ်ကောင်းပေးနိုင်ပြီး လမ်းညွှန်ပြသပေးနိုင်တဲ့ Mentor ကောင်း၊ တိုးတက်ပြောင်းလဲချင်လို့ အတူတူကြိုးစားကြမယ့် စိတ်တူကိုယ်တူ Like-minded Peopleတွေ လိုအပ်ပါတယ်။
မိမိကိုယ်ကို ပြန်လည်တည်ဆောက်တာက လွယ်ကူတဲ့ ပြောင်းလဲမှုတော့ မဟုတ်ပေမဲ့ ကျန်ရှိတဲ့ ဘဝအစိတ်အပိုင်းမှာ၊ မိမိနေချင်တဲ့ဘဝမှာ စိတ်ချမ်းချမ်းသာသာနဲ့ ဖြတ်သန်းသွားချင်ရင်တော့ ပြုပြင်ပြောင်းလဲဖို့လိုပါတယ်။
“ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည်ဆောက်ခြင်း” စာစုကနေ ကောက်နုတ်ထားတာဖြစ်ပါတယ်။ ဒီစာအုပ်မှာ Personal Development နဲ့ Career Development အပါအဝင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည်ဆောက်ဖို့၊ ကိုယ့်ရဲ့ ဘ၀နဲ့ အလုပ်နဲ့ ငွေကြေးမှာ နောက်တစ်ဆင့်မြှင့်တင်ဖို့အတွက် အတွေးအမြင်နဲ့ ဇာတ်လမ်းတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။
#ကိုယ့်ကိုယ်ကိုယ်ပြန်လည်တည်ဆောက်ခြင်း
#dr. Moe

image