7 ပတ် - ဘာသာပြန်ပါ။

ကြွက်လို နည်းနည်းလေးစားနေရုံနဲ့ ကြွက်သားတည်ဆောက်လို့ မရပါဘူး။
ဒါပေမဲ့ အဲ့ဒါက ဝက်လို အလွန်အကျွံ စားရမယ်လို့ ဆိုလိုတာလည်း မဟုတ်ပါဘူး။
သင်က အာဟာရမရှိတဲ့ အစားအစာတွေ (junk food) နဲ့ပဲ ဗိုက်ဖြည့်နေတာမျိုး မဖြစ်အောင်၊ အာဟာရဓာတ်အသေးစားလေးတွေ (micronutrients) ဖြစ်တဲ့ ဗီတာမင်၊ သတ္တုဓာတ် စတာတွေ ကြွယ်ဝစွာပါဝင်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး သဘာဝအတိုင်းဖြစ်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပါ။
သင့်ကြွက်သားတွေ ကြီးထွားလာဖို့အတွက် ကယ်လိုရီပိုလျှံနေအောင် (calorie surplus) ဒါမှမဟုတ် ခန္ဓာကိုယ်လိုအပ်တဲ့ ပမာဏထက် အနည်းငယ်ပိုအောင် စားသုံးပါ။
လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း ၂၄ နာရီကနေ ၇၂ နာရီအတွင်း ပြန်လည်နာလန်ထူနိုင်စွမ်း ရှိတဲ့အခြေအနေမှာပဲ အစွမ်းကုန် ကြိုးစားကစားပါ။
သင့်ရဲ့ ကြွက်သားထုထည် တည်ဆောက်နေတဲ့ ကာလမှာ Cardio လေ့ကျင့်ခန်းကို ထည့်သွင်းကစားပါ။ ဒါမှ တက်လာနိုင်တဲ့ အဆီပမာဏနဲ့ ခန္ဓာကိုယ်မှာ သိုလှောင်ထားမယ့် ရေဓာတ်ပမာဏကို ထိန်းညှိပေးနိုင်မှာပါ။ ဒါ့အပြင် နှလုံးကျန်းမာရေးအတွက်လည်း မရှိမဖြစ်လိုအပ်တာကြောင့် ဒါကို မကျော်သွားပါနဲ့!