7 ပတ် - ဘာသာပြန်ပါ။

ဒီနေ့ခေတ် ကိုယ်လက်လေ့ကျင့်ခန်းတွေမှာ အဓိကအသုံးပြုနေကြတဲ့ ပြေးစက်တွေဟာ အရင်ခေတ်က ပြစ်ဒဏ်ပေးဖို့အတွက် ရည်ရွယ်ပြီး တီထွင်ခဲ့တဲ့ ကိရိယာတစ်ခု ဖြစ်ခဲ့ပါတယ် ၁၉ ရာစု က ထောင်တွေမှာ အကျဉ်းသားတွေဟာ လည်ပတ်နေတဲ့ ကြီးမားတဲ့ ဘီးတွေပေါ်မှာ နာရီပေါင်းများစွာ၊ နေ့ရက်များစွာ မနားတမ်း လျှောက်လှမ်းရန် အတင်းအကျပ် ခိုင်းစေခံခဲ့ရပါတယ်

အဲ့ဒီ ဧရာမဘီးလုံးကြီးတွေဟာ သီးနှံကြိတ်စက်တွေကို လည်ပတ်စေခဲ့ပြီး လူ့လုပ်အားကို စက်ယန္တရားအဖြစ် အဆိုးရွားဆုံးပုံစံဖြင့် ပြောင်းလဲခဲ့ပါတယ် ၎င်းရဲ့ ရည်ရွယ်ချက်ကတော့ ကိုယ်ခန္ဓာပင်ပန်းနွမ်းနယ်စေရန်သာမက ထပ်ခါတလဲလဲ ပြုလုပ်ရခြင်းကြောင့် ငြီးငွေ့ဖွယ်ကောင်းကာ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ဖို့အတွက်ဖြစ်ပါတယ်

ဒီပြေးစက်တွေဟာ ကျန်းမာကြံ့ခိုင်ရေးအတွက် ရည်ရွယ်တဲ့ ကိရိယာအဖြစ် ပြောင်းလဲလာပေမဲ့လည်းသူ့ရဲ့သမိုင်းကတော့ ကျန်ရှိနေဆဲဖြစ်ပါတယ် တစ်ချိန်က ပြစ်ဒဏ်ပေးတဲ့နေရာမှာ အသုံးပြုတဲ့ ကိရိယာဟာ ယခုအခါမှာတော့ ကမ္ဘာတစ်ဝန်းရှိ ကျန်းမာတဲ့ နေထိုင်မှုပုံစံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်

#knowledge #ဗဟုသုတ

image