🌯🍗နေ့စဉ် တူညီတဲ့ အစားအသောက်ကို ရွေးချယ်စားမယ်။ 
လူအများစု မနက်ဆို ဘာစားရမလဲ၊နေ့လယ်၊ ညဆို ဘာစားရမလဲဆိုပြီး အရမ်းတွေဝေ တတ်ကျပါတယ်။ အဲ့လိုကနေ တခါတလေ စုံနေအောင် စားဖြစ်တဲ့အခါ Calorie Surplus ဖြစ်ဖို့ အရမ်းလွယ်သွားပါတယ်။  
🔸တပတ်မှာ ၄/၅ရက်လောက် တူညီတဲ့ အစားသောက်ကို စားပေးခြင်းက ခရီးစဉ်ကို ပိုလွယ်ကူစေပါတယ်။  
🚶🏾တနေ့တာ လှုပ်လှုပ်ရှားရှားနေမယ်။ 
🔸တရက်ကို ခြေလှမ်း ၅၀၀၀ လောက်ကနေ စပေးပါ။ ဖြည်းဖြည်းချင်း တိုးသွားနိုင်အောင် ကြိုးစားပေးပါ။ 
💧အစား မစားခင်တိုင်း ရေတခွက် သောက်ပေးမယ်။  
🔸အဲ့လိုဆိုရင် ဗိုက်တင်းသွားတဲ့အခါ အစားစာတွေကို ပိုမစားမိဖို့ အထောက်ကူဖြစ်စေပါတယ်။  
🏋🏾တပတ်ကို အလေးမ လေ့ကျင့်ခန်း ၃ ရက် ၄ ရက် လုပ်ပေးမယ်။  
✅ဟုတ်ပါတယ်။ ၃၊၄ရက်ပါပဲ။  
❌၆ ရက်မဟုတ်ပါဘူး။  
💪🏾 တခါလုပ်ရင်လည်း ၄၅ မိနစ် ၁ နာရီဝန်းကျင်ပါပဲ။  
💎ဘာကြောင့်စခဲ့သလဲ ဆိိုတာကို အမြဲ အမှတ်ရနေအောင် လုပ်မယ်။  
များသောအားဖြင့် ကျွန်တော်တို့ စိတ်ဖိစီးတဲ့အခါ အစားသောက်ရွေးချယ်မှုတွေက လွဲချော်သွားတတ်ကျပါတယ်။  
အဲ့လိုနဲ့ ပိုစားမိတဲ့ဘက် ရောက်သွားတတ်ကျတယ်။  
💪🏾 ဘာကြောင့်စခဲသလဲဆိုတာကို အမြဲအမှတ်ရနေရင် လမ်းကြောင်းပေါ်မှာရှိနေစေဖို့ အထောက်ကူဖြစ်စေပါတယ်။  
⚡️ပေါင်ချိန်စက်ပေါ်မှာ ဝိတ်ကို ခဏခဏ မချိန်ပါဘူး။  
ချိန်ချင်တယ်ဆိုရင် မနက်အိပ်ယာထ ဘာမှမစားခင် နေ့တိုင်း ချိန်ပေးပါ။  
💎 နောက်ဆုံးတချက်ကတော့ ပေါင် ၃၀ ချရဖို့ဆိုတဲ့ အတွေးကို ခေါင်းထဲက ထုတ်ထားပါမယ်။  
💪🏾 ဖြည်းဖြည်းချင်း တဆင့်ချင်း ဖြစ်နိုင်တာတွေကို အရင် Target ထားပါမယ်။  
ဥပမာ တရက် နာရီဝက် လမ်းလျှောက်တာ၊ အသားဓါတ် တိုးစားတာ၊ တပတ် ၃ ရက် အလေးမလေ့ကျင့်ခန်းလုပ်တာ စသဖြင့်…။