2 ရက် - ဘာသာပြန်ပါ။

#end
အချင်း ၁ မီတာ (၃ ပေ) ခန့်ရှိတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားငယ်လေးတွေဟာ နှစ်ပတ်တစ်ခါနီးပါး ကမ္ဘာ့လေထုထဲကို ဝင်ရောက်လာလေ့ရှိပါတယ်။ ဒီဂြိုဟ်သိမ်ဂြိုဟ်မွှားအများစုဟာ လေထုနဲ့ ပွတ်တိုက်မှုကြောင့် မီးလောင်ကျွမ်းပြီး မြေပြင်ကို မရောက်မီ ပျက်စီးသွားကြပါတယ်။ ဒါပေမယ့် ဒီလို အရာဝတ္ထုငယ်လေးတွေဟာတောင် လူနေထူထပ်တဲ့ဒေသမှာ မြေပြင်ပေါ်ကျရောက်ခဲ့ရင် ဒေသတွင်း ပျက်စီးမှုတွေ ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာမြေဟာ နေ့စဉ်နဲ့အမျှ ဖုန်မှုန့်နဲ့ သဲစေ့အရွယ် အာကာသအမှုန်အမွှား တန်ချိန်ပေါင်း ၁၀၀ တန်ကျော်နဲ့ ပစ်ခတ်ခံနေရပါတယ်။
ပုံမှန်ကြီးမားတဲ့ ဥက္ကာခဲပျံတွေရဲ့ရန်ကို နေအဖွဲ့အစည်းအတွင်းက ကြာသပတေးဂြိုလ်ကြီးနဲ့ စနေဂြိုလ် လိုမျိုး ဒြပ်ဆွဲအားပြင်းထန်တဲ့ ဂြိုလ်များက ကာကွယ်ပေးထားပေမယ့် ဒီလိုလွတ်ထွက်လာခဲ့တဲ့ ဥက္ကာခဲတစ်ခုက လွန်ခဲ့တဲ့ နှစ်သန်းပေါင်း၆၅ သန်းခန့်တုန်းက ကမ္ဘာမြေကို ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးပြီး အဲ့ခေတ်က မင်းမူနေခဲ့တဲ့ ဒိုင်နိုဆောမျိုးစိတ်တစ်ခုလုံးကို ပျက်ဆီးသွားစေခဲ့တဲ့အထိ ထိခိုက်မှု ရှိခဲ့ဖူးပါတယ်။ဒီဥက္ကာခဲကျရောက်ခဲ့တဲ့ သက်သေအနေနဲ့ ယခု မက္ကဆီကို နိုင်ငံအနီးက မိုင် ၁၅၀ လောက်အကျယ်ရှိတဲ့ chicxulub ချိုင့်ဝှမ်းအနေနဲ့ ကျန်ရစ်ခဲ့ပါတယ်။
ဒီလို အဖြစ်အပျက်တွေကို သတိရှိရှိနဲ့ awareness ရရှိအောင် နာမည်ကျော် သိပ္ပံပညာရှင်တွေဖြစ်ကြတဲ့ Stephen Hawking ၊Queen တေးဂီတ အဖွဲ့ရဲ့ နာမည်ကျော် ဂစ်တာသမားနဲ့သိပ္ပံပညာရှင် Brian May နဲ့ အခြား အာကာသလေ့လာသူ ပညာရှင်များဦးစီးပြီး အခု asteroid day ကို သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။
လက်ရှိ NASA နဲ့ ESA မှာတော့ ဒီလို ကမ္ဘာ့အနားကို ချဉ်းနင်းဝင်ရောက်လာမယ့် ဥက္ကာခဲပျံတွေကို (near -earth objects) ဒုံးပျံများနဲ့ သွားရောက်ဖျက်ဆီးမယ့် mission တွေကိုတော့ စမ်းသပ်နေတာမျိုးတွေရှိပါတယ်။
ကမ္ဘာမြေကာကွယ်ရေး" (Planetary Defense) ဆိုတဲ့ သိပ္ပံနယ်ပယ်တစ်ခု လည်း အခုလက်ရှိမှာ ပေါ်ထွက်လာပြီး အန္တရာယ်ရှိနိုင်တဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေရဲ့ လမ်းကြောင်းကို ပြောင်းလဲနိုင်မယ့် နည်းပညာ (ဥပမာ- DART Double Asteroid Redirection Test mission )လိုမျိုး ဂြိုဟ်သိမ်ဂြိုဟ်မွှား ဥက္ကာခဲတွေကို တိုက်မိစေပြီး လမ်းကြောင်းပြောင်းလဲစေခြင်း တွေလည်း စမ်းသပ်တီထွင်နေပါတယ်။
ဒါကြောင့်အနာဂတ် ဥက္ကာခဲတိုက်ဖျက်ရေးစီမံကိန်းများအတွက်တော့ ကနဦးစမ်းသပ်မှုတွေပြုလုပ်နိုင်မယ့် ကမ္ဘာပေါ်က မျိုးစိတ်တစ်ခုအဖြစ် အလားအလာရှိနေပါတယ်။နောက်ပြီးလာမယ့် ၂၀၂၅ နှောင်းပိုင်းမှာ စတင်လည်ပတ်မယ့် Vera C Rubin telescope ကြီးကလည်း ကမ္ဘာမြေဆီကို ချင်းနင်းဝင်ရောက်လာနိုင်ချေရှိတဲ့ ဥက္ကာခဲများရဲ့ရန်ကို လေ့လာနိုင်ဖို့ ပြင်ဆင်ထားတာလည်းဖြစ်ပါတယ်။အနာဂတ်ကာလမှာ ချဉ်းနင်းဝင်ရောက်လာနိုင်ချေရှိတဲ့ ဥက္ကာခဲတွေ ရဲ့ ရန်ကနေ ကာကွယ်နိုင်အောင်ကြိုသိရှိနိုင်အောင် ပြင်ဆင်ထားကြတာမို့ လောလောဆယ်စိတ်ပူစရာမလိုသေးပါဘူး။
ဒါပေမယ့် ရှေးနှစ်ပေါင်း ၆၆သန်းခန့်က ကွယ်ပျောက်သွားခဲ့ရတဲ့ ဒိုင်နိုဆောတွေလို ဥက္ကာခဲဝင်တိုက်ခံရပြီး မျိုးတုန်းပျောက်ကွယ်ခြင်းမရှိရအောင် အခု ထက်ပိုပြီး နည်းပညာအဆင့်အတန်းမြင့်မားအောင်ကြိုးစားကြဖို့ အခု Asteroid day နေ့ရက်က အနာဂတ်မျိူးဆက်တွေအတွက် သတိပေးနေမှာလည်းဖြစ်ပါတယ်။

image