Jurassic World Rebirth က Rotten Tomatoes အမှတ်မှာတော့ အခြေနေတော်တော်လေးဆိုးနေပါတယ်။ 
Rating စနစ်မှာလည်း ရလဒ်ဆိုးတွေထွက်နေပြီး သွားကြည့်သူတွေအနေနဲ့ ရိုးအီနေတဲ့ ရုပ်ရှင်မျိုးသာဖြစ်နေတယ်လို့ မှတ်ချက်တွေရထားပါတယ်။  
ဒီရုပ်ရှင်ကို ဒါရိုက်တာ Gareth Edwards က ရိုက်ကူးထားပြီး မူရင်း “Jurassic Park” ဇာတ်ညွှန်းရေးသူ David Koepp က ရေးထားတာဖြစ်ပါတယ်။  ဒီတစ်ခေါက်မှာတော့ ဇာတ်ကောင်အသစ်တွေနဲ့ ဆေးကုမ္ပဏီတစ်ခုအတွက် Ile Saint-Hubert ဆိုတဲ့ ကျွန်းကို စွန့်စားသွားရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ 
အဲဒီကျွန်းက တစ်ချိန်က InGen ကုမ္ပဏီက သုတေသနလုပ်ငန်းတွေလုပ်ခဲ့တဲ့ နေရာဖြစ်ပြီး၊ ဆယ်စုနှစ်ပေါင်းများစွာကြာလာတဲ့အခါ မျိုးဗီဇပြောင်းထားတဲ့ ဒိုင်နိုဆောတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်နေပါတယ်။ ဒီရုပ်ရှင်မှာ Scarlett Johansson၊ Mahershala Ali၊ Jonathan Bailey၊ Rupert Friend၊ Manuel Garcia-Rulfo၊ Luna Blaise၊ Ed Skrein တို့လို နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။  
လက်ရှိမှာတော့ နိုင်ငံတကာမှာ ရုံတင်နေပြီဖြစ်ပြီး မကြာခင် ရုံဝင်ငွေပိုင်းတွေလည်းထွက်လာတော့မှာဖြစ်ပါတယ်။