#နိုင်ငံတကာသတင်း
◼ထိုင်းဝန်ကြီးချုပ်ပေထုန်တန်အားရာထူးမှဆိုင်းငံ့
ကမ္ဘောဒီးယား ခေါင်းဆောင်ဟောင်း ဟွန်ဆန်နှင့် ဖုန်းခေါ်ဆိုမှု ပေါက်ကြားခဲ့ခြင်းအား စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေစဉ် ထိုင်းအခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်အား ရာထူးမှ ဆိုင်းငံ့ထားလိုက်သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဝန်ကြီးချုပ်က ကျင့်ဝတ်ချိုးဖောက်ကြောင်း စွပ်စွဲ၍ အထက်လွှတ်တော် အမတ် ၃၆ ဦး၏ တင်ပြချက်ကို လက်ခံရန် အခြေခံဥပဒေခုံရုံး တရားသူကြီး ကိုးဦးစလုံးက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။
ထို့နောက် စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ပြီး ၎င်းတို့၏ ဆုံးဖြတ်ချက် မထွက်ပေါ်မီ ပေထုန်တန်အား ဝန်ကြီးချုပ်အား ရာထူးမှ ဆိုင်းငံ့ထားရန် တရာသူကြီးများက ထောက်ခံမဲ ၇ မဲ ၊ ကန့်ကွက်မဲ ၂ မဲဖြင့် ဆုံးဖြတ်ခဲ့ကြသည်။
လက်ရှိတွင်ယာယီဝန်ကြီးချုပ်အဖြစ်ဖွေထိုင်းပါတီဝင်ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သည့်ပို့ဆောင်ရေးဝန်ကြီးဆူရီယာအားအစားထိုးခန့်အပ်လိုက်သည်။
သို့သော် ပေထုန်တန်အနေဖြင့် မကြာမီက ပြောင်းလဲလိုက်သော အစိုးရအဖွဲ့သစ်စာရင်းအရ ယဉ်ကျေးမှုဝန်ကြီးအဖြစ် ဆက်လက်တာဝန်ယူနိုင်ကြောင်း သိရသည်။
အခြေခံဥပဒေတရားရုံး၏ ဆုံးဖြတ်ချက် မထွက်ပေါ်မီ ဘုရင်က အတည်ပြုပေးခဲ့သော အစိုးရအဖွဲ့သစ်တွင် ပေထုန်တန် က ၎င်းကိုယ်၎င်း ယဉ်ကျေးမှုဝန်ကြီး အဖြစ် ပူးတွဲရာထူးတစ်ခုတွင် အမည်စာရင်းတင်သွင်းထားခဲ့ကြောင်း သိရသည်။
ရာထူးတည်မြဲရန်တိုက်ပွဲဝင်နေရပြီး ဘက်ပေါင်းစုံမှပြစ်တင်‌ဝေဖန်မှုများ နှင့် ရင်ဆိုင်နေရသော ထိုင်းအစိုးရအပေါ် ဖိ အားများ မြင့်တက်နေစဉ် ဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်နုတ်ထွက်ရေး တင်ပြထားသော စာကို ထိုင်း အ ခြေခံဥပဒေတရားရုံးက ယနေ့တွင်လက်ခံစဉ်းစားခဲ့ခြင်းဖြစ်သည်။
ပေါက်ကြားခဲ့သော ဩဇာကြီးမားသည့် ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆန် နှင့် ဖုန်းပြောဆိုမှုတွင် ပေ ထုန်တန်သည် အခြေခံဥပဒေအား ချိုးဖောက်၍ ရိုးသားဖြောင့်မတ်မှုမရှိခြင်း နှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ စံနှုန်းများကို ချိုးဖောက်ခဲ့ကြောင်း အထက်လွှတ်တော်အမတ် ၃၆ ဦး က အခြေခံဥ‌ပဒေဆိုင်ရာတရားရုံးသို့ တင်ပြလွှာ၌ စွပ်စွဲ ထားကြသည်။
ကမ္ဘောဒီးယားနှင့် နယ်စပ်တင်းမာမှုများအား ပြေလျော့သွားစေရေး ရည်ရွယ်ထားသော ဇွန်လ ၁၅ ရက် က ဖုန်း ခေါ်ဆိုမှုတွင် အသက် ၃၈ နှစ်အရွယ် ပေထုန်တန် က ဟွန်ဆန်အား အလွန်အကျွံ ခယခဲ့ပြီး ထိုင်းစစ်ဘက် တပ် မှူးတစ်ဦးကိုလည်း ဝေဖန်ခဲ့ရာ စစ်ဘက်ဩဇာကြီးမားသော နိုင်ငံတွင် အနီရောင်စည်းကို ဖြတ် ကျော်သကဲ့သို့ ဖြစ်ခဲ့သည်။
နောက်ပိုင်းတွင်ပေထုန်တန်က ပြန်လည်တောင်းပန်ခဲ့ကာ ၎င်း၏မှတ်ချက်များမှာ အပေးအယူ လုပ်သည့် နည်း လမ်းတစ်ခု ဖြစ်ကြောင်း ပြောသည်။
ဟွန်ဆန်နှင့်ပြောဆိုမှုများ ပေါက်ကြားခဲ့ပြီးနောက် ဒေါသူပုန်ထခြင်းများ ဖြစ်ပေါ်လာခဲ့ခြင်းနှင့်အတူ အဓိက ကျ သော ပါတီတစ်ခု နုတ်ထွက်သွားခဲ့သဖြင့် ပေထုန်တန်၏ မဟာမိတ်အဖွဲ့မှာလည်း လူများစုနေရာကို မနည်း ဆုပ် ကိုင်ထားရသည်။
ထိုအတောအတွင်းမှာပင် ဝန်ကြီးချုပ် နုတ်ထွက်ရန် ဆန္ဒပြသူများက တောင်းဆိုနေကြပြီး ပါလီမန်ကလည်း မ ကြာမီမှာပင် အစိုးရအဖွဲ့အပေါ် အယုံအ ကြည်မရှိ အဆို တင်သွင်းတော့မည်ဟု မျှော်လင့်ရသည်။
အာဏာရပြီး ဆယ်လအကြာမှာပင် ဖြစ်ပေါ်လာသော ပေထုန်တန်၏ တိုက်ပွဲများသည် တစ်ချိန်က အလွန်လူ ကြိုက်များခဲ့သော ဖွေထိုင်းပါတီ၏ အင်အား ဆုတ်ယုတ်လာခြင်းကို ပြသနေခြင်းဖြစ်သည်။
ယင်းပါတီကို ဘီလျံနာသူဌေးကြီး သက်ဆင်ရှင်နာဝပ် က ၂၀၀၁ ခုနှစ် က တည်ထောင်ခဲ့ပြီး ရွေးကောက်ပွဲများ အ ကြိမ်ကြိမ် အနိုင်ရခဲ့သလို စစ်ဘက်အာဏာသိမ်းမှုများ၊ အစိုးရနှင့် ဝန်ကြီးချုပ်များ ပြုတ်ကျစေခဲ့သည့် တရားရုံး ဆုံးဖြတ်ချက်များနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။
တစ်ချိန်ျိအကျဉ်းကျခဲ့သော ဝန်ကြီးတစ်ဦးအား ခန့်အပ်ခဲ့ခြင်းကြောင့် ကျင့် ဝတ်ချိုးဖောက်မှုဖြင့် အခြေခံ ဥပ ဒေ တရားရုံး၏ ထုတ်ပယ်ခြင်း ခံခဲ့ရသော ဝန်ကြီးချုပ် ဆရက်သာထဝီဆင်၏ နေရာတွင် သက်ဆင်၏ သမီးဖြစ်သူ ပေထုန်တန်ရှင်နာဝပ် က ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
အခက်တွေ့နေသော နိုင်ငံစီးပွား‌ရေးအား နာလန်ထူရန် လုပ်ဆောင်ရာ၌ ၎င်း၏ အစိုးရ က ရုန်းကန်နေရသလို ပေ ထုန်တန်အပေါ် လူထုထောက်ခံမှု ကျဆင်းခြင်းနှင့်လည်း ရင်ဆိုင်နေရကာ မတ်လက ၃၀ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ သော ဝန်ကြီးချုပ်အပေါ် ထောက်ခံမှုသည် ဇွန် ၁၉ နှင့် ၂၅ ရက်ကြား ပြုလုပ်ခဲ့သော လူထုစစ်တမ်း၌ ၉ ဒသမ ၂ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image