Coma (2019) 
========== 
 
 
IMDb Rating – 6.4/10 
#unicode 
ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားကတော့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့လူတွေအတွက် 
 
Coma ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ IMDb Rating 6.4/10 ရထားပြီ ကြည့်ရှုသူအများစုကြိုက် 
နှစ်သက်လို နာမည်ရနေတဲ့ ကားလေးလည်း ဖြစ်ပါတယ်။ 
ဇာတ်လမ်းအကျဥ်းလေး Review လုပ်ပေးရရင် ခန္ဓာကိုယ်က အက်စီးဒင့်တစ်ခုခုကြောင့် သတိမေ့နေတဲ့အချိန်မျိုးမှာ 
စိတ်ကဘယ်ကိုရောက်နေကြလဲဆိုတာ ဘယ်သူမှမသိကြပါဘူး။ ဒါပေမယ့် ဒီဇာတ်ကားမှာတော့ လူကမေ့မျောနေတဲ့ 
အချိန်မှာ စိတ်က နောက်ထပ်ကမ္ဘာတစ်ခုမှာ ရှင်သန်နေကြတဲ့အကြောင်းကိုရိုက်ပြထားတာပါ။ အဲဒီ့ Coma ဆိုတဲ့ကမ္ဘာက 
လက်ရှိကမ္ဘာလိုမဟုတ်ဘဲ အရာဝတ္ထုတွေကို လူတွေရဲ့စိတ်ကူးတွေနဲ့ ဖန်တီးလိုရတဲ့ကမ္ဘာမျိုးပါ။ အဲ့ကမ္ဘာဟာ လက်တွေ့ကမ္ဘာ 
ကဲ့သလိုမဟုတ်ဘဲ ရှုပ်ထွေးမှုပေါင်းများစွာအပြင် အ ထဲကိုရောက်ရှိသွားတဲ့အခါမှာတော့ တစ်ခါမှမကြုံဖူးတဲ့အရာတွေ 
အန္တရာယ်တွေကိုလည်း ကြုံတွေ့နိုင်ပါတယ်။ ကဲဒါဆိုရင် အဲ့ဒီ Coma ကမ္ဘာကြီးကရော ဘယ်လိုမျိုးဖြစ်လာတာလဲ….. 
Coma ကမ္ဘာထဲရောက်လာတဲ့ လူတွေကရော ပြန်နိုးလာကြရင် ဘယ်လိုတွေဖြစ်မလဲဆိုတာ ဒီဇာတ်ကားမှာကြည့်ရှုပေးကြပါဦး။