7 ပတ် - ဘာသာပြန်ပါ။

ဘိန်းဖြူဘလောက်တုံး ၁၀၀ နဲ့ WY အများအပြား ကျွဲတပ်ဆုံဂိတ်မှာဖမ်းမိ
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင်ငွေကျပ်သိန်း ကိုးထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇွန်လ ၂၆ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာမှ တပ်ကုန်းမြို့နယ်ကို နေလင်းအောင်(ခ)နေလင်း မောင်းနှင်လာတဲ့ MITSUBISHI PAJERO အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်က ဘိန်းဖြူဘလောက်တုံး ၁၀၀ တုံး၊ စုစုပေါင်းအလေးချိန် ၃၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၂,၀၀၀ ပြားနဲ့ ကက်တမင်း ၁ ဒသမ ၁ ကီလိုတို့ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

စစ်ဆေးဖော်ထုတ်ချက်တွေအရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးတွေကို ဆီဆိုင်မြို့နယ်ကနေ တပ်ကုန်းမြို့နယ်ကို သယ်ဆောင်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။

နေလင်းအောင်(ခ)နေလင်း အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

image