ပဲငပိ အစပ်ဟင်း 
 
ပါဝင်ပစ္စည်းများ 
 
ပုဇွန်ခေါင်းချိုး - တစ်ဆယ်သား 
ကြက်သွန်ဖြူ - အမွှာကြီးကြီး ၄မွှာ 
ကြက်သွန်နီ - ဥကြီးကြီး တစ်ဥ 
ငရုတ်သီးအကြမ်းမှုန့် ထမင်းစားဇွန်း သုံးဇွန်း 
ခရမ်းချဉ်သီး - အနေတော် ၅လုံး 
ပဲငပိ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံး 
ဆီ - ထမင်းစားဇွန်း ငါးဇွန်း 
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဝက် 
အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း 
ငရုတ်သီးစိမ်း - နှစ်သက်သလောက် 
 
ပြင်ဆင်ပုံ 
ပုဇွန်ကို ရေစင်အောင်ဆေးပြီး ခေါင်းနှင့်အမြှီးများ ဖြုတ်ထားပါ 
ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးထားပါ 
ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ 
ငရုတ်သီးအကြမ်းမှုန့်ကို အဆင်သင့် ပြင်ထားပါ။ 
ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီး အကြမ်းဖတ်တို့ကို မညက်တစ်ညက် ရောထောင်းပေးထားပါ 
ပဲငပိကို ပြင်ထားပါ 
ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ။ 
ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး မီးအနေတော်နဲ့ အပူပေးပါ 
ဆီပူလာတာနဲ့ ငရုန်သီးထောင်းကို မိနစ်၀က် မရှိတရှိကြော်ပေးပါ။။ 
ငရုတ်သီးနံ့ သင်းလာတာနဲ့ ခရမ်းချဉ်သီးကို ကျေပြီး အခွံများ လိတ်သွားတဲ့ထိ ချက်ပေးပါ။ 
ခရမ်းချဉ်သီးများ ကျေသွားတာနဲ့ ပုဇွန်ကိုထည့်ပြီး ၂မိနစ်လောက်မွှေပါ။ 
ပြီးတာနဲ့ ခရမ်းချဉ်သီးမှ ထွက်လာသော အရည်များ မခမ်းခင် ပဲငပိနှင့် အချိုမှုန့်ကို ထည့်မွှေပါ။ 
ခရမ်းချဉ်သီးမှ ထွက်လာသော အရည်များ အရမ်းမခမ်းခင် ငရုတ်သီးစိမ်း ထည့်မွှေကာ အရသာမြည်ပြီးး လိုသလိုပြင်ပေးပါ။ 
ပြီးတာနဲ့ မီးပိတ်ပေးကာ ချဉ်ချဉ်ငံငံစပ်စပ် ရှမ်းပဲငပိချက် မွှေးမွှေးလေးနဲ့ ထမင်းမိန်မိန် သုံးဆောင်နိုင်ပါပြီ။ 
မှတ်ချက် ။ ။ ပဲငပိကို အချိုသုံးပါက အငံအရသာအတွက် ငံပြာရည်ထည့်ပေးပါ ပဲငပိအငံကို သုံးထားတဲ့အတွက် ငံပြာရည် ထည့်မထားပါ။