#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းတွင် အလုပ်ထုတ်ခံရသည့် မြန်မာ ၁၈ ဦး လုပ်ခလစာပြန်ရ
ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ရှိ ကားအပိုပစ္စည်းထုတ်လုပ်သည့် စက်ရုံတွင် လုပ်ခတစ်လစာမရရှိဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၈ ဦး၏ လစာများပြန်လည်ရရှိခဲ့ကြောင်း M.H.A.C အလုပ်သမားမဟာမိတ်အဖွဲ့မှ သိရသည်။
အကြောင်းမဲ့အလုပ်ထုတ်ခံခဲ့ရသော အလုပ်သမား ၁၈ ဦး၏ လုပ် ခပြန်လည်ရရှိရေး ဆောင်ရွက်ခဲ့ရာပြန်လည်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာအလုပ်သမားများသည် ကားအပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံ၌ တစ်နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်ခဲ့ကြပြီး မေ ၂ဝ ရက်တွင် စက်ရုံမှအလုပ်ထုတ်ခဲ့ခြင်းဖြစ်ကာ အလုပ်သမားများက အကူညီတောင်းခံလာသောကြောင့် နယ်မြေခံအလုပ်သမား ရုံးတွင် မေ ၂၆ ရက်မှစတင်ကာ တိုင်ကြားမှုပေးခဲ့ကြောင်း M.H.A.C အဖွဲ့ကပြောသည်။
ပြီးခဲ့သည့် ဇွန် ၁ဝ ရက်တွင် စက်ရုံမှလုပ်သားများ၏ လုပ်ခတစ် လစာ ဘတ်သုံးသိန်းကို နယ်မြေခံဆဝါဒီကန်ရုံး၌ ပြန်လည်ထုတ်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - M.H.A.C
