အစကနေ အဆုံးထိ  
အမြဲ လက်တွဲခေါ်တဲ့  
အသိုင်းအဝိုင်း ဆိုရင် ••• 
အရက်သမား အသိုင်းအဝိုင်းကိုပဲ  
ပြောရမယ်•••တဲ့။ 
တရားသမား အသိုင်းအဝိုင်းက  
အရက်သမားတွေလောက်များ  
လက်တွဲ မခေါ်ကြလို့လား ❓ 
    #တွေးကြည့်မှ_မတူတာကို  
    #သွားတွေ့တယ်။ 
    အရက် သောက်ရင်  
အရက်သမား အများစုဟာ   
သောက်ဖော်/သောက်ဖက်  
စကားပြောဖော်/ပြောဖက် လိုတယ် ,  
    လူအများစုရဲ့ စိတ်ကလည်း  
မကောင်းတာ လုပ်ရတာကို ပျော်တယ်။ 
( ဒါကြောင့်ပဲ ••• 
  အပါယ်လေးဘုံ ဆိုတာက  
  အမြဲ နေ နေတဲ့  
  #ကိုယ့်အိမ်လို_ဖြစ်နေတာ ) 
#တရားအားထုတ်တာကြတော့  
   " ဧကာယနော"  
 အဖော်မမှီး တစ်ယောက်တည်း  
 သွားရတဲ့ လမ်း၊ 
   လူတွေရဲ့စိတ်ကလည်း ••• 
တရားအလုပ် "သတိပဋ္ဌာန် အလုပ်, ဝိပဿနာ အလုပ် " ဆိုရင် ••• 
အသံကြားရင်ကို  
တီကောင်ကို ဆားတို့ သလို  
ကြောက်ကြတာ ကိုး။ 
အရက်သောက်တာက ••• 
အပါယ် ဆိုတဲ့ ပင်လယ်ကို  
အဖော်အပေါင်းတွေနဲ့  
ပျော်ပျော်ကြီး အားစိုက်စရာ မလိုဘဲ မျောပါသွားရသလိုပဲ။ 
    #တရားအလုပ်က   
ကိုယ့်လှေကို တစ်ယောက်တည်း ဦးတည်ရာ ရောက်အောင်  
မရပ်မနား ပင်ပင်ပန်းပန်းနဲ့  
ရေဆန်ကို အားထုတ် လှော်ခတ်ရတာနဲ့တူတယ်။ 
မကောင်းမှု့မှာ ပျော်တတ်တဲ့  
လူပျင်းတွေ အတွက်  
တရားက တကယ် ခက်တော့တာပေါ့။ 
   တကယ်တော့ ••• 
တရားက ခက်တာ မဟုတ်ပါဘူး 
   အရှင်၀ရသာမိ