#ကြက်တောက်တောက်ကြော်
************************
တောက်တောက်စင်းထားသောကြက်သားထဲကို
ဆား, သကြား, ဟင်းချိုမှုန့်, ငရုတ်ကောင်း,
ကော်မှုန့်, ကြက်ဥထည့်၍ သမအောင်နယ်ပါ။
အိုးထဲဆီထည့်၍ ဆီဆူလာရင်
အသားပြား လုပ်၍ အတွင်းသားထိကျက်အောင်
မီးအားသင့်ရုံနဲ့ကြော်ပီးရင် ဆယ်ယူ၍ အသားပြားကြော်ကို
လေးပိုင်းပိုင်းထားပါ။
တောက်တောက်ကြော်ရန်
အိုးထဲ ဆီထည့်၍ ဆီဆူလာရင်
ဓါးပြားရိုက်ထားတဲ့ ကြက်သွန်ဖြူ ထည့်ပါ။
မိမိနှစ်သက်ရာ အသီးအရွက်များထည့်ပါ။
အသားပြားကြော်ထည့်ပါ။
ရေထည့်ပါ။
ခရုဆီထည့်မွှေပါ။
ဆား, သကြား, ဟင်းချိုမှုန့်, ငရုတ်ကောင်းထည့်မွှေပါ။
ဆူပွက်လာရင် ကော်မှုန့်ကို ရေနဲ့ဖျော်၍ ထည့်ပါ။
အသင့်ခေါက်ထားသော ကြက်ဥ ထည့်ပါ။
ငုံးဥပြုတ်ထည့်ပါ။
အိုးချခါနီး တရုတ်နံနံများထည့်မွှေပီးရင် ရပါပြီ။
